Friday, August 2, 2019

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များတွင် ကာတွန်းလက်ရာ ကောင်းများ ဖော်ပြနိုင်ရေး အစည်းအဝေးကျင်းပ
Image may contain: 1 person, sitting, table, wedding and indoor
ရန်ကုန် ဩဂုတ် ၁
ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များ တွင် ကာတွန်းလက်ရာ ကောင်းများဖော်ပြနိုင်ရေး အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။(ယာပုံ)
အကောင်အထည်ဖော်သွားမည်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရွှေသွေး ဂျာနယ်အား ယခင်ကကဲ့သို့ လူကြိုက်များ၊ ထင်ရှားသော ဂျာနယ်ဖြစ်လာစေရေး အတွက် ကာတွန်းပညာရှင်ကြီးများက အကြံဉာဏ်များ ပေးစေလိုပါကြောင်း၊ ထိုအကြံပြုချက်များအပေါ် အခြေခံ၍ လက်တွေ့ဖြစ် မြောက်အောင် အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နေ့စဉ်ထုတ်သတင်းစာများ ဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmarပြညောမေ နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေလျက်ရှိသည့် ဒို့ကျေးရွာစာစောင်တို့တွင် ကာတွန်းလက် ရာကောင်းများဖော်ပြနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆွေးနွေးအကြံပြု
ထို့နောက် တာဝန်ရှိသူများက သတင်းစာနှင့် ဂျာနယ်တို့တွင် ကာတွန်းများ ဖော်ပြနိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ကာတွန်းပညာရှင်ကြီးများက ၎င်းတို့၏ အတွေ့အကြုံများ၊ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment