Friday, August 2, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေး
Image may contain: 1 person, indoor
နေပြည်တော် ဩဂုတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးတို့က ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ဆက်လက် ဆွေးနွေးကြသည်။
ဆက်လက်ဆောင်ရွက်သွားမည်
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုမစတင်မီ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူး ပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာ အပေါ် ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားကြ သည့် လွှတ်တော် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့် မသင့်တော်သောအသုံးအနှုန်းများ ဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုကျော်လွန်၍ ဆွေးနွေးကြ သည့်အတွက် ယင်းအသုံးအနှုန်းများကို လွှတ်တော်မှတ်တမ်းတွင် ပယ်ဖျက်ခဲ့ရ ပါကြောင်း။
ထို့ပြင် အစီရင်ခံစာပါအကြောင်းအရာများ၊ အကြံပြုချက်များ၊ သုံးသပ် တင်ပြချက်များအပေါ်တွင်သာ ဆွေးနွေးကြရန် အသိပေးမှာကြားခဲ့သော်လည်း ဆွေးနွေးကြသည့်အခါ ဥပဒေ ကြမ်းတစ်ရပ်အပေါ် ဆွေးနွေးသကဲ့သို့ ပြင်ဆင်ရန် အကြံပြုချက်များကိုပါ ဖော်ပြပြီး ဆွေးနွေးကြသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်၍ ယနေ့တွင် ဆွေးနွေး ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစီရင်ခံစာပါ အကြောင်း အရာများကို ဆွေးနွေးကြရန်နှင့် ဌာန၊ အဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ တိုင်းရင်းသားလူမျိုးစုတစ်ခုခုကို ထိခိုက်နစ်နာစေမည့် ဆွေးနွေး ချက်များကို ထည့်သွင်း ဆွေးနွေးခြင်းမပြုကြရန်နှင့် လွှတ်တော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ တို့နှင့် လျော်ညီစွာ ဆွေးနွေးသွား ရန် ထပ်မံအသိပေးမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ပြင်ဆင်ရန် အကြံပြုတင်ပြထားသည့် အချက် ၁၁၁၂ ချက်ပါဝင်
မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေးက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက် ၃၇၆၅ ချက် ပါဝင်ပါကြောင်း၊ ယင်းအထဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြင်ဆင်ရန် အကြံပြုတင်ပြထားသည့် အချက် ၁၁၁၂ ချက် ပါဝင်ပါကြောင်း၊ မိမိတို့ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး အတွက် အဓိကအခြေခံပါကြောင်း၊ ပြင်ဆင်ရန်တင်ပြချက်ထဲတွင် မိမိတို့ပါတီ က ဒီမိုကရေစီ၏ ဂုဏ်အဂ¯၊ လက္ခဏာများကို လေးစားတန်ဖိုးထားသကဲ့သို့ နိုင်ငံသားများ၏ အခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ တိုင်းရင်းသားများ၏ မူလဘူတဖြစ်တည်မှုအပေါ် တန်ဖိုးထား အသိအမှတ်ပြုရေး စသည်များကိုလည်း ပေါ်လွင်အောင် တင်ပြထားပါကြောင်း၊ တန်းတူမှု၊ တရားမျှတမှုအပေါ်အခြေခံပြီး ပြည်ထောင်စု အနှစ်သာရအပေါ်ရပ်တည်၍ တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မိမိတို့ကိုင်စွဲထားသော မူဝါဒနှင့်အညီ ပြင်ဆင်ရန် အကြံပြုချက်များကို တင်ပြ ခဲ့ပါကြောင်း။
ထို့ပြင် နိုင်ငံသူ၊ နိုင်ငံသားများ၏ အနာဂတ်တစ်ခုလုံးကို လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ ငြိမ်းချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ဆီသို့ ရောက်ရှိသွားအောင် ပြည်ထောင်စုလွှတ်တော် ကြီးက ပို့ဆောင်ပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်းက ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လေ့လာသည့်အခါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသည့် ပုဒ်မ၊ ပုဒ်မခွဲ များကို လေ့လာသုံးသပ်ဆင်ခြင်ကြပြီး ပြင်ဆင်ရန်၊ အသစ်ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ မူလအတိုင်းထားရှိရန် လွတ်လပ်စွာမီးမောင်းထိုးပြ အကြံပြုခဲ့ သည်ကို တွေ့ရပါကြောင်း၊ ပူးပေါင်းကော်မတီတွင် ပါဝင်အကြံပြုဆွေးနွေးကြ သည့် ကိုယ်စားလှယ်များသည် မြန်မာပြည်တစ်နံတစ်လျားတွင်ရှိကြသည့် တိုင်းရင်းသား မိဘပြည်သူများမှ ရွေးချယ်တင်မြှောက် ထားသည့် နိုင်ငံရေးပါတီ ၁၄ ခုမှ ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ဖြစ်ကြသည့်အတွက် ဤအစီရင်ခံစာသည်လည်း ပြည်သှူကိုယ်စားပြု အစီရင် ခံစာဖြစ်ကြောင်းကို မည်သူမျှငြင်းပယ်၍မရအောင် ထင်ရှားပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ အရောက်လှမ်း
မိမိတို့အားလုံးသည် အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းရာတွင် မိမိတို့ အပါအဝင် တိုင်းရင်းသားပြည် သူတစ်ရပ်လုံး၊ သားစဉ်မြေးဆက်များ၏ နောင် အနာဂတ်အရေး ယခုထက် ပိုမိုထွန်းလင်း တောက်ပလာနိုင်ရန် မျှော်ကိုးပြီး မိမိတို့၏ဆောင်ရွက်ချက်များကို တာဝန်အရ၊ ဝတ္တရားအရဆို သည်ထက် ဖြူစင်သောမေတ္တာ၊ နိုင်ငံသူ နိုင်ငံသားများအပေါ်ထားရှိသည့် သစ္စာတရားတို့ကို မမှိတ်မသုန် အရင်းတည်ကာ ဖြစ်ချင်သည်၊ ဖြစ်နေသည်၊ ဖြစ်သင့်သည်တို့ကို အရင်းတည်ပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်မှသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ အရောက်လှမ်းနိုင်စေရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာနှင့် လုပ်ငန်း စဉ်များကို ထောက်ခံအားပေးကြရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးသည်။
ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်ခုအတွက် အရေးကြီးသော ဥပဒေဖြစ်သည့်အတွက် လွယ်လွယ်ပြင်၊ လွယ်လွယ်ဖျက်ရန် မသင့်သော ဥပဒေဖြစ်ပါကြောင်း၊ သို့သော် သင့်လျော်သည့် ကာလတွင် ပြင်သင့်သည့် ပြဋ္ဌာန်းချက်များကို ဥပဒေနှင့်အညီ ညှိနှိုင်းပြင်ဆင်ရ မည်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ်တိုင်းအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၇(င)တွင် လွှတ်တော်ကိုယ်စား လှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့တင်သွင်းရန် ပေးပို့ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်၍ ဥပဒေနှင့်မညီသည့် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပယ်ဖျက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက လက်မှတ် ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း(၂)ခုကို အခြေခံဥပဒေ အခန်း (၁၂) နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပြင်ဆင်လိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဒို့တာဝန်အရေး ၃ ပါး ဦးထိပ်ထားလျက် ဥပဒေနှင့်အညီ ဝိုင်းဝန်းပြင်ဆင်ရေး ညှိနှိုင်းဆောင်ရွက်ကြ ပါရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
လဟယ်မဲဆန္ဒနယ်မှ ဦးသက် နောင်က ပူးပေါင်းကော်မတီ၏ အစီ ရင်ခံစာကို လေ့လာကြည့်သည့်အခါ ပြည်ထောင်စုလွှတ်တော်အတွင်း၌ ရှိကြသည့် နိုင်ငံရေးပါတီများ၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်များနှင့် တပ်မတော်သား အစုအဖွဲ့ကိုယ်စား လှယ်များ၏ ပြင်ဆင်ရန်၊ အသစ် ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်နှင့် မူလ အတိုင်းထားရှိရန် သဘောထားမှတ် ချက် စသည်ဖြင့် ဖော်ပြထားသည်ကို ပုဒ်မတစ်ခုချင်းစီအလိုက် အကြံပြု ချက်များ၊ အဆိုပြုချက်များဖြင့် နောက်ဆက်တွဲ ဇယားနှင့်အတူ စုစည်းတင်ပြ ထားသည်ကို လေ့လာခြင်းအားဖြင့် ကော်မတီအနေနှင့် အစီရင်ခံစာ၏ အပိုဒ် ၃ ပါ ဦးတည်ချက်ငါးရပ်ကို အခြေခံပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ရှိသည်ကို ကြည့်ခြင်းအားဖြင့် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူလူထုများ၏ စစ်မှန်သည့် ဆန္ဒသဘောထားများနှင့် ကိုက်ညီရန်၊ ဒီမိုကရေစီစံနှုန်းများနှင့်လည်း ကိုက်ညီရန် လိုအပ်နေသေးသည်ကို ဖော်ပြထားပါကြောင်း။
ပြင်သင့်ပြင်ထိုက်သည့်အချက်များကို ပြင်ဆင်နိုင်မှသာ
ပြည်တွင်းအင်အားများကို အချိန်မီစုစည်းနိုင်မည်
မိမိတို့နိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး အတိတ် ကာလက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသည် ယနေ့ခေတ်အထိ ဖြေရှင်း နိုင်ရန် ကြိုးစားနေရဆဲရှိသေးသကဲ့သို့ တိုင်းပြည်မှာ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် ရန် ရုန်းကန်နေရဆဲဖြစ်ပါကြောင်း၊ ယင်းတို့ကို သင်ခန်းစာယူကြပြီး တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို ပိုမိုအထောက် အကူပြုစေပြီး ဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာစေနိုင်မည့် ပြင်သင့် ပြင်ထိုက်သည့် အချက်များကို ယခုလိုအချိန်ကောင်းအခါကောင်းတွင် ပြင်ဆင် နိုင်မှသာ တိုင်းပြည်၏ ပြည်တွင်းအင်အားများကို အချိန်မီစုစည်းနိုင်မည်ဖြစ်ပြီး အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာသုံးသပ်ချက် အပ်ိုဒ် ၂၂ နှင့် အပိုဒ် ၂၄ တို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် ပြုစုရေးဆွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တင်သွင်းသွားရန် ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ဒီမိုကရေစီစနစ်အရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အချုပ် အခြာအာဏာ မူရင်းပိုင်ရှင်များ ဖြစ်ကြသည့် ပြည်သူများ၏ ဆန္ဒသဘောထားကို အခြေခံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရာတွင် အထောက်အကူပြုစေနိုင်မည့် ပြင်သင့်ပြင်ထိုက်သည့် အချက်များကို အမြင်ကျယ်ကျယ် သဘောထားစိတ်ရင်းမှန်ကန်စွာဖြင့် အပြန်အလှန်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးကိုမျှော်ကိုးကာ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးသည်။
မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် မိမိတို့နိုင်ငံ၏ မိခင်ဥပ ဒေဖြစ်ပြီး အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ် သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍအသီးသီးက သက်ဆိုင်ရာ အာဏာများကို ကျင့်သုံးလိုက်နာရမည့် လမ်းòန်ဥပဒေတစ်ရပ် ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)မှာ အချိန်ကာလအားဖြင့် ၁၀ နှစ်ကျော် လာပြီဖြစ်သည့်အတွက် ခေတ်ကာလအခြေအနေများနှင့်အညီ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်ဆိုသည်ကို လက်ခံထားပြီးဖြစ်ပါကြောင်း၊ ခေတ်ကာလနှင့်လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြင်ဆင်ရမည် ဆိုသော်လည်း က္ဘာ့နိုင်ငံရေးသမိုင်း၊ ကမ္ဘာ့ရေစီးကြောင်း၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး ဥပဒေ၏ အနှစ်သာရများကို မထိခိုက်စေဘဲ သတိလက်ကိုင်ထားကာ ပြင်ဆင်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ အရေးအကြီးဆုံးအချက်မှာ စစ်မှန်သည့် ပြည်ထောင်စုစနစ်များကို အများဆန္ဒနှင့်အညီ ညီညွတ်ရေး တည်ဆောက်ခြင်း နှင့် လက်တွေ့ ကျကျကျင့်သုံးနိုင်ရန်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ တိုင်းရင်း သားပြည်သူလူထုများ၏ ပြင်းပြသောဆန္ဒ ရည်မှန်းချက်များကို အကောင် အထည်ဖော်ရာတွင် ယနေ့နိုင်ငံတော်၏ ပကတိအခြေ အနေကို ထည့်သွင်းစဉ်း စားပြီး အဖွဲ့အစည်းများ၊ ပါတီများ၊ တစ်ဦးချင်းတစ်ယောက်ချင်းကပါ ပူးပေါင်း ဆောင်ရွက်မှသာ ကောင်းမွန်သည့်ရလဒ်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခု ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံ စာမှာ ဥပဒေနှင့်မညီ နည်းလမ်းမကျ ဆောင်ရွက်ခဲ့သည့်အတွက် ကန့်ကွက် ပါကြောင်း ဆွေးနွေးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရန် ဒုတိယအကြိမ်ကြိုးပမ်းခြင်းဖြစ်
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က နိုင်ငံတော်၏ လိုအပ်ချက်အရ မိမိတို့န်ိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လေ့ရှိကြပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင် ရန် ဒုတိယအကြိမ်ကြိုးပမ်းအားထုတ်ခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)သည် လက်ရှိကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်အရ အမှန် တကယ်ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေတစ်ခုဖြစ်သည်ကို မိမိ်အနေဖြင့် လက်ခံယုံကြည်ပါကြောင်း၊ အစီရင်ခံစာ အပိုဒ် ၃ အပိုဒ်ခွဲ(ဂ)တွင် ဖော်ပြထား သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်း များကို တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် (၂၁) ရာစု ပင်လုံညီလာခံက အတည်ပြုပြီးခဲ့ သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) ပါ နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုစနစ်ကို ဖွဲ့စည်းရမည်ဆိုသည့်အချက်ကို ထောက်ခံပါ ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရာတွင် စည်းကမ်းတကျ နည်းလမ်း တကျဖြင့် အငြင်းပွားမှုများကို ဖယ်ရှားပြီး အားလုံးသဘောတူလက်ခံနိုင်သည့် အဆင့်မျိုး ကြိုးစားဆောင်ရွက်သင့်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်နှင့် နိုင်ငံ သားများအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ပြင်ဆင်ရကျိုးနပ်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် အခန်း(၁၂)ပါ ဖွဲ့စည်းပုံပြင်ဆင်ခြင်း အခန်းနှင့်အညီ ပြင်ဆင်သွားသင့်ပါကြောင်း တိုက်တွန်း ဆွေးနွေးသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန်(ခေါ်)ဦးတင်သစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်နိုင်ပါက ငြိမ်းချမ်းရေးနှင့် ပိုမိုနီးစပ်လာမည်ဖြစ်ပါကြောင်း၊ ထို့အတူ လက်နက်ကိုင်ပဋိပက္ ခချုပ်ငြိမ်းမှု၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတို့နှင့်ပါ ပိုမိုနီးစပ်လာမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်း သည်နှင့်အမျှ လူမှုစီးပွားရေး အခြေအနေလည်း ပိုမိုကောင်းမွန်လာဖွယ်ရှိပါကြောင်း၊ စာမျက်နှာ ၅ မှ
ဖွဲ့စည်းပုံမပြင်နိုင်ပါက ဒီမိုကရေစီသဘောအရ ပြည်သူ က ရွေးကောက်တင်မြှောက်သည့် အစိုးရ တစ်ရပ်က အုပ်ချုပ်သည်ဆိုသော်လည်း ယင်းအစိုးရသည် တိုင်းရေး ပြည်ရာကိစ္စများတွင် အပြည့်အဝ တာဝန်ယူခွင့်မရသည့် အခြေအနေဖြစ်ပါကြောင်း။
သမိုင်းသစ်ကိုရေးရန် အချိန်အခါဖြစ်
(၄၅)ဦးကော်မတီတွင် ပါဝင်သူအားလုံးသည် အပြု သဘောဆောင်သည့် စိတ်ဓာတ်နှင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်း စဉ်ကို အခန်း(၁၂)နှင့် ဆီလျော်အောင် ဆောင်ရွက်နိုင် ရန်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ဥပဒေ မူကြမ်းတစ်ရပ် ပေါ်ပေါက်လာသည်အထိ ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ ဒီမိုကရေစီပီသသည့်၊ ဖက်ဒရယ်သက်ဝင် သည့် ဖွဲ့စည်းပုံတစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲရန် တာဝန်သည် ပြည်ထောင်စု လွှတ်တော်ကြီး၏ ရှေ့မှောက် တွင် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယင်းသည် အခွင့် အလမ်းလည်းဖြစ် ပါကြောင်း၊ ယင်းအခွင့်အလမ်းကို မိမိတို့ အမိအရဆုပ်ကိုင်ပြီး တာဝန်ကျေပွန်သည့် လွှတ်တော်ကိုယ်စား လှယ်များဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံအတွက် သမိုင်းသစ်ကိုရေးရန် အချိန်အခါ နှင့် အခြေအနေဖြစ်ပါကြောင်း ဆွေးနွေးသည်။
အလားတူ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ မိုင်းယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆမ်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်သိန်း၊ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၊ လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းမောက်ခမ်း၊ နမ့်ဆန်မဲဆန္ဒနယ်မှ ဦးဝင်းထူး၊ ကရင် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၊ တွန်းဇံ မဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်တို့က ဆွေးနွေးကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာကို ဇူလိုင် ၃၀ ရက်က ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦး၊ ယနေ့ကျင်းပသည့် အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးတို့က ဆွေးနွေး ခဲ့ကြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ကျန်ရှိသည့်အစီ အစဉ်များ ဆက်လက်ဆောင်ရွက်မည့်နေ့ရက်ကို ထပ်မံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်မော်(သတင်းစဉ်)

No comments:

Post a Comment