ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်အဖွဲ့အား လက်ခံတွေ့ဆုံ
ကော်မရှင်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သှူလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ NHRIs Expert (Asia Pacific Forum of National Human Rights Institutions (APF) Ms. Mohottalalage Thanuja Dayadari Navartne နှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ အမျိုးသားလှူအခွင့်အရေး ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အာရှ- ပစိဖိတ်ဒေသအတွင်း ကော်မရှင်၏ ပါဝင်ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၀ - ၂၀၂၄) နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ကော်မတီအဖွဲ့ ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်
သတင်းစဉ်
No comments:
Post a Comment