Friday, August 2, 2019

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ဗီယက်နမ်နိုင်ငံမှ မြ. Mr. Dieu K’re’နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဩဂုတ် ၁
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ဗီယက်နမ်နိုင်ငံ Central Committee အဖွဲ့ဝင်နှင့် Central Commission for Mass Mobilization ၏ Permanent Deputy Head, Mr. Dieu K’re’ လ ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံ သံအမတ်ကြီး Dr. Luan Thuy Dyong တို့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ (အပေါ်ပုံ)
တွေ့ဆုံစဉ် နှစ်နိုင်ငံ တိုင်းရင်းသား များနှင့် ၎င်းတို့နေထိုင်ရာဒေသများ၌ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် မူဝါဒများချမှတ်ထားရှိမှု၊ တိုင်းရင်း သားများ တန်းတူအခွင့်အရေးရရှိရေး၊ ဖွံ့ဖြိုးမှုတူညီ ရေးနှင့် စည်းလုံးညီညွတ် ရေး ဦးတည်၍ ကော်မတီများဖြင့် ဆောင်ရွက်ပေးမှု၊ အလုပ်အကိုင် ဖန်တီးပေးမှု၊ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် ပညာသင်ကြားရေး ထောက်ပံ့ပေးမှု၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေး မှုနှင့် ရိုးရာဓလေ့များကို အလေးထား ဆောင်ရွက်ပေးမှု၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းရင်းသား ရေးရာကိစ္စများအား နှစ်နိုင်ငံ အပြန်အလှန်လေးစားမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုတို့ကို အခြေခံ ၍ အတွေ့အကြုံများ ဖလှယ်ကာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံ Central Committee အဖွဲ့ဝင် နှင့် Central Commission for Mass Mobilization ၏ Permanent Deputy Head, Mr. Dieu K’re’နှင့်အဖွဲ့သည် ဝန်ကြီးဌာနရှိ တိုင်းရင်းသားလူမျိုးစု များ၏ ရိုးရာယဉ်ကျေးမှုပြခန်းကို ကြည့်ရှုလေ့လာခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment