Sunday, August 25, 2019

ဗန်ကောက်၌ Myanmar Insight 2019 ကျင်းပ




Image may contain: 1 person, text
နေပြည်တော် ဩဂုတ် ၂၄ 





ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ၊ လက်ရှိမူဝါဒများနှင့် ဥပဒေများအပေါ် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ အချက်လက်များကို သိရှိနားလည်စေရန်နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို မိတ်ဆက်ရှင်းလင်းနိုင်ရန်အတွက် ဩဂုတ် ၂၂ ရက်တွင် CEO dinner နှင့် ဩဂုတ် ၂၃ ရက်တွင်Myanmar Insight 2019 ဆွေးနွေးပွဲတို့ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိCentara Grand Hotel, Central World ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင် ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဒေါ်မိမိခိုင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာရင်းအင်းဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါ်မြင့်မြင့်ကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦး တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ် ကြီးMrs. Suphatra Srimaitreephithakက ကြိုဆို နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးဌာန၏အကြံပေးပုဂ္ဂိုလ်Mr. Chaisiri Anaman က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဠငိနသ နျြagန ဖြင့် နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ''Investment Opportunities in Myanmar for Thai Investors'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Dr. Supachai Panitchpakdi (Former Secretary-General of the UN Conference on Trade and Development and Former Director General of World Trade Organization (WTO)) က လည်းကောင်း Keynote adress များပြောကြားခဲ့ကြသည်။
ယင်းနောက်Easing Investor Concerns for Doing Business in Myanmar အစီအစဉ်တွင် အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ''Opportunities Regarding Thai Investment in Myanmar''ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ညွှန်ကြားရေးမှူးချူပ် ဒေါ်မိမိခိုင်က ''Electricity Supply and Opportunities in the Electricity and Energy Sector in Myanmar'' ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးက ''Myanmar Tax Reform'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ညွှန်ကြားရေးမှူးချူပ် ဒေါ်မြင့်မြင့်ကြည်က ''Myanmar Monetary Policy and MMK Trend'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ''The Investment Opportunities in Yangon''ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆက်အောင်က ''Myanmar Sustainable Development Plan and Project Bank'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံစီးပွား ရေးလုပ်ငန်းရှင်များက Practical View of Implementing the Retail and Wholesale Business in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Expanding your Manufacturing Base to Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်းရှင်ပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment