Sunday, August 25, 2019

ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံတစ်ဝန်းမှ အလှူရှင်များက အလှူငွေများလှူဒါန်း




Image may contain: 15 people, people standing
နေပြည်တော် ဩဂုတ် ၂၄



မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းမှ အလှူရှင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေ၊ စားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လာရောက်လှူဒါန်းလျက်ရှိသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် များက ဦးဆောင်၍ မတ္တရာမြို့သူ၊ မြို့သား၊ နယ်သူ၊ နယ်သားများက လှူဒါန်းငွေကျပ် ၁၀၀၀၀၀၀ နှင့် ငွေကျပ် ၄၆၃၃၀၀၀ တန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ဘေးဒုက္ခခံစားနေရသော ပြည်သူများအား စာနာစိတ်ဖြင့် လှူဒါန်းကြခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုလာရောက်လှူဒါန်းသူများသည် နေထိုင်ရာဒေသချင်း ကွဲပြားသော်လည်း တစ်စိတ်တစ်ဝမ်းတည်းရှိသော ပြည်သူများဖြစ်ကြသည်ကို ပြသ ခြင်းဖြစ်ကြောင်း၊ ဘေးအ္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသား သဘာ၀ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထူထောင်ထားသော ရန်ပုံငွေသို့ ဤလှူဒါန်းငွေများကို တိုက်ရိုက်ထည့်သွင်းပြီး ဘေးသင့်ဒေသများ၏ လိုအပ်ချက် အလိုက် ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အလေအလွင့်မရှိအောင် စနစ်တကျ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment