Sunday, August 25, 2019

ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်အစုအဖွဲ့တည်ထောင်ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ




Image may contain: 5 people, people sitting, table and indoor
ရန်ကုန် ဩဂုတ် ၂၄


ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်အစုအဖွဲ့ တည်ထောင်ဖွဲ့စည်းနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များ ပိုမိုထိရောက်စွာ ပေါင်းစပ်သင်ကြားနိုင်ရေးနှင့် မြန်မာ နိုင်ငံဆေးနှင့် ဆေးနှီးနွှယ်ပညာရပ် လောကတစ်ရပ်လုံး ပိုမိုအဆင့်မြင့်မား တိုးတက်စေရေးအတွက် ယနေ့အစည်း အဝေးသည် အရေးကြီးပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသည့် ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များမှ ပညာရှင်ကြီးများနှင့် မျိုးဆက်သစ်လူငယ် များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ဆေး နှင့်ဆေးနှီးနွှယ်ပညာရပ်ကဏ္ဍကို ပုံဖော် ဆောင်ရွက်မည့်သူများပင် ဖြစ်ပါ ကြောင်း၊ အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ကြီးဌာနရှိ တက္ကသိုလ်များကို ပညာရပ်ပိုင်းဆိုင်ရာ နှင့် သင်ကြားမှု၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များတွင် ဗဟို ချုပ်ကိုင်မှုလျှော့ချပြီး လုပ်ပိုင်ခွင့် အာဏာ ပိုမိုပေးအပ်နိုင်ရေး၊ တက္ကသိုလ်အလိုက် ကိုယ်ပိုင်လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် ဝိုင်းဝန်းစဉ်းစားဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
လူ့စွမ်းအား အရင်းအမြစ်များ
ဝန်ကြီးဌာနရှိ အချို့တက္ကသိုလ် များကို ပေါင်းစည်းခြင်း (သို့မဟုတ်) တက္ကသိုလ်များအစုအဖွဲ့ တည်ထောင် ဖွဲ့စည်းခြင်းအားဖြင့် လူ့စွမ်းအားအရင်း အမြစ်များနှင့် ပစ္စည်းကိရိယာများကို အကျိုးရှိထိရောက်မှုအရှိဆုံး မျှဝေအသုံး ချနိုင်ခြင်း၊တာဝန်ခံမှုနှင့်တာဝန်ယူမှုများကို တက္ကသိုလ်အားလုံးမှ မျှဝေရယူနိုင် ခြင်း အကျိုးများရရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာ များသည် အခြားဌာနများနှင့် သဘော သဘာ၀တူညီမှုမရှိသဖြင့် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ် ရာ တက္ကသိုလ်များ၏ လုပ်ငန်းဆောင်တာ များသည်လည်း ပညာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်များ၊ ကျောင်းများကဲ့သို့ တိုက်ရိုက်ပုံတူ ဆောင်ရွက်၍မရပါ ကြောင်း။
ညှိနှိုင်းလုပ်ဆောင်ရမည်
ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနအနေဖြင့် မူဝါဒနှင့် မဟာ ဗျူဟာများနှင့်အညီ စောင့်ကြည့်ဆန်းစစ် မှုများပြုလုပ်ခြင်း တက္ကသိုလ်အသီးသီး ရှိ ပါမောက္ခချုပ်များနှင့် ညှိနှိုင်းဆောင် ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ဆေးနှင့် ဆေးနှီးနွှယ် ပညာရပ်ကဏ္ဍကြီး၏ သမိုင်းဝင်ဖြစ်စဉ်တစ်ခုဖြစ်လာမည့် ဝန်ကြီးဌာနရှိ တက္ကသိုလ်များကို အစုအဖွဲ့ တည်ထောင် ဖွဲ့စည်းခြင်းလုပ်ငန်းများတွင် ပညာရှင် များအားလုံးက စုစည်းပူးပေါင်း၍ အပြုသဘောဆောင်သည့် အကြံဉာဏ် များဖြင့် ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင် လေး၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုး၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မြတ်သ္တာ၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ အေးထွန်းနှင့် ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ရီရီတင်တို့က University of Health Sciences အဖြစ် တက္ကသိုလ်အစုအဖွဲ့ ဖွဲ့စည်းနိုင်ရေး အတွက် လက်ရှိပညာရေးအခြေအနေ အသွင်အပြင်အနေအထား၊ တက္ကသိုလ် အစုအဖွဲ့ဆိုင်ရာ ပဋိညာဉ်ရေးဆွဲရေး၊ တက္ကသိုလ်အစုအဖွဲ့ပုံစံ၊ ဖွဲ့စည်းပုံနှင့် တက္ကသိုလ် အာဏာပိုင်အဖွဲ့များစသည် တို့နှင့်ပတ်သက်၍ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာ နိုင်ငံ၏ လက်တွေ့မြေပြင်အခြေအနေ များနှင့်ကိုက်ညီစွာ အကြံပြုဆွေးနွေး ခြင်းများနှင့် အစုအဖွဲ့အလိုက် ဆွေးနွေး ခြင်းများဆောင်ရွက်သည်။
ဆွေးနွေး
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည်The International NGO Global Reconciliation ၏Executive Director ၊ Adult Medicine Division of the Royal Australasian College of Physicians (RACP)၏ ဥက္ကဋ္ဌ Professor Paul Komesaroffနှင့် တွေ့ဆုံ၍ ဩစတြေးလျနိုင်ငံ The Royal Australasian College of Physicians(RACP)၊ Monash University တို့နှင့် ဝန်ကြီးဌာန ဆေးတက္ကသိုလ်များအကြား သင်ကြား ရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပြန်အလှန် သွားရောက် သင်ကြားလေ့လာနိုင်ရေး၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များအတွက် သုတေသနကျင့်ဝတ်နှင့် နည်းပညာပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရန် လေ့ကျင့်သင်ကြားပေးနိုင်ရေးနှင့် ဝေးလံ ခက်ခဲဒေသများတွင် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီဆက်သွယ်ရေး ယာဉ်များအသုံးပြု၍ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက် သဘောတူညီမှု လက်မှတ်ရေးထိုးဆောင် ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment