Thursday, August 1, 2019

အာဖဂန်နစ္စတန်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး ဗုံးပေါက်ကွဲ၊ လူ ၃၄ ဦးကျော်သေဆုံး
Image may contain: one or more people, car and outdoor
ကဘူး ဇူလိုင် ၃၁
အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ဗုံးပေါက်ကွဲ ခဲ့ရာ အနည်းဆုံး လူ ၃၄ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ 
ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ဖာရာစီရင်စုရှိ အဝေးပြေးလမ်းမပေါ်၌ အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၄ ဦးကျော်ရှိခဲ့ပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသ္တရ အာဏာပိုင်များက ဆိုသည်။
ယင်းအကြမ်းဖက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ကျူးလွန် ခဲ့ခြင်းဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ သို့သော် တာလီဘန် စစ်သွေးကြွများက အာဖဂန် အစိုးရအဖွဲ့ ဝင်များနှင့် နိုင်ငံခြားသား လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပစ်မှတ်ထားပြီး ဗုံးထောင်ခဲ့ ခြင်းဖြစ်သည်ဟု လုံခြုံရေးတာဝန်ရှိသူ များက ပြောကြားခဲ့သည်။
တာလီဘန်စစ်သွေးကြွအဖွဲ့နှင့် အစ္စလာမ္မစ် စစ်သွေးကြွများသည် စက်တင်ဘာလတွင် ကျင်း ပမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ အာဖဂန်အစိုးရအား ဆန့်ကျင်သည့် အနေဖြင့် နိုင်ငံ အနှံ့အပြား တွင် အကြမ်းဖက်မှုများကို တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး မှုများကို ဇူလိုင် ၂၈ ရက်တွင် စတင် ခဲ့သည်ဖြစ်ရာ သမ္မတ အာရှာ ရက်ဖ် ဂါနီနှင့် တွဲဖက်ပြီး ဒုတိယသမ္မတ နေရာ ဝင်ရောက်ရွေးချယ်မည့် သူသည် ကားဗုံးပေါက် ကွဲမှုကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာများရရှိ ခဲ့ကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment