Thursday, August 1, 2019

အာဆီယံဦးဆောင်သည့် ယန္တရားများ ခိုင်မာအားကောင်းအောင်ဆောင်ရွက်ရေး ထိုင်းဝန်ကြီး ချုပ် တောင်းဆို
Image may contain: 1 person
ဗန်ကောက် ဇူလိုင် ၃၁
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် အာဆီယံဦးဆောင်သည့် ယန္တရားများ ခိုင်မာစေရန် အတွက် ပိုမိုအားထုတ်ကြရန် ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ဗုဒ္ဓဟူးနေ့က မေတ္တာရပ်ခံ ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံက သဘာ ပတိအဖြစ် ဆောင်ရွက်နေသည့် (၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားတွင် ထိုင်း ဝန်ကြီးချုပ်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီးခဲ့သည့် ခြောက်လအတွင်း လုပ်ငန်းဆောင်ရွက် ချက်များကို သုံးသပ်ပြောကြားရာတွင် အာဆီယံအဖွဲ့ အတွင်း နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုဖြင့် ခိုင်မာ သည့် ရလဒ်များစွာကို ရရှိခဲ့ကြောင်း၊ အတိအကျ ပြောရ လျှင် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် အာဆီယံ ခေါင်းဆောင်များ၏ (၃၄) ကြိမ်မြောက် ထိပ်သီးအစည်း အဝေးမှ ရေရှည်ဖွံ့ဖြိုးတိုး တက်သည့် မိတ်ဖက်ဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ သဘောထားကြေညာချက် နှင့် အာဆီယံ ဒေသမှ ပြည်သူများကို တိုက်ရိုက်အကျိုးပြုသည့် အခြားစီမံကိန်းများဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ကြီး၏ ရည်မှန်းချက်များ အောင်မြင် ရန်အတွက် မိတ်ဖက်နိုင်ငံအသစ်များနှင့် ပူးပေါင်းဆောင် ရွက်မှု အသစ်များကိုကြိုဆိုရင်း ဆွေးနွေးဖက်နိုင်ငံများ အပြင် အာဆီယံဒေသပြင်ပမှ နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုခိုင်မာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းမှု အခြေခံမူ သုံးချက်အပေါ်မူတည်၍ ကြီးကြီးငယ်ငယ် နိုင်ငံအားလုံးကို ပူးပေါင်း ဆောင်ရွက်မှုတွင်ပါဝင် လာစေရန် ဖိတ်ခေါ်သင့်ကြောင်း ဝန်ကြီးချုပ်က ပြော ကြားခဲ့သည်။
အာဆီယံပြည်သူများ၏ အကျိုးစီးပွားအတွက် ကဏ္ဍပေါင်းစုံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု သေချာစေရန် အတွက် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆာဆီယံအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံဒေ သဆိုင်ရာ ဖိုရမ်၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံ + ၃ အပါ အဝင်အာဆီယံအဖွဲ့ကြီး၏ ယ္တရားအားလုံးကို ခိုင်မာ အားကောင်းဖို့ ဆောင်ရွက်ကြရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံ များအား ဝန်ကြီးချုပ်က ပန်ကြားခဲ့သည်။ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးအပြင် အကြိမ် (၂၀) မြောက် အာဆီယံ + ၃ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ (၉) ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာဖိုရမ်နှင့် အခြား ဆက်စပ် အစည်းအဝေးများ ကို ထိုင်းနိုင်ငံတွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက် အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် - အောင်ဇော်လင်း

No comments:

Post a Comment