Thursday, August 1, 2019

အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ အာရှ-ပစိဖိတ်ဒေသ ငါးနိုင်ငံသို့ သွားရောက်မည်
Image may contain: 1 person, smiling, eyeglasses and closeup
ဝါရှင်တန် ဇူလိုင် ၃၁
အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် မာ့ခ် အက်စ်ပါသည် ဂျပန်နိုင်ငံအပါအဝင် အာရှ- ပစိဖိတ်ဒေ သတွင်းရှိ ငါးနိုင်ငံသို့ ဩဂုတ်လ အတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရ သည်။
မာ့ခ်အက်စ်ပါသည် အမေရိကန် ကာကွယ်ရေးဝန်ကြီး အထူးတာဝန်စတင် ထမ်းဆောင်ပြီးနောက် ၎င်း၏ပထမဆုံးနိုင်ငံ ရပ်ခြားခရီးစဉ်ကို ဩဂုတ် ၂ ရက်တွင် စတင် မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
နယူးဇီလန်၊ ဩစတြေးလျ၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်ရန် အမေရိကန်ကာကွယ်ရေး ဝန်ကြီး၏ ခရီးစဉ်ကို စီစဉ်ထားပြီး ယင်းနိုင်ငံ များ၌ အမေရိကန်နှင့် နှစ်နိုင်ငံအကျိုးတူ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားအကြောင်းအရာများကို ဆွေးနွေး မည် ဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် ၎င်း၏ဂျပန်နိုင်ငံခရီးစဉ်အတွင်း၌ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကာကွယ်ရေးဝန်ကြီးတာကဲရှီ၊ အိုင်ဝါယာတို့နှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
၎င်းတို့နှင့် တွေ့ဆုံရာတွင် ဟော်မုဇ် ရေလက်ကြားဒေသတွင်း၌ အီရန်နှင့်တင်းမာမှု များရှိနေစဉ် ယင်းရေလမ်းကြောင်း၌ ကုန်သွယ်ရေယာဉ်များ ဘေးကင်းလုံခြုံစွာ ခုတ်မောင်းသွားလာနိုင်ရေးအတွက် အမေ ရိကန်ပြည်ထောင်စုက အဆိုပြုထားသည့် ညွန့်ပေါင်းရေကြောင်းလုံခြုံရေးအဖွဲ့ ဖွဲ့စည်း ရေးကိစ္စကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်စ်ပါ သည် ဩစတြေးလျနိုင်ငံတွင် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်ပူးပေါင်း ပြီး ဩစတြေးလျအစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်နိုင်ငံ၏ ဩဇာတိုးမြှင့်ဖြန့်ကြက်မှု ကိစ္စကို ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု မျှော်လင့်ရသည်။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ် တစ် ရာထူးမှနုတ် ထွက်ခဲ့ပြီး ခုနစ်လနီးပါး ကြာမျှ ကာကွယ်ရေးဝန်ကြီးရာထူး၌ လစ်လပ်မှုဖြစ်ပေါ်ခဲ့ပြီးနောက်တွင် မာ့ခ်အက်စ်ပါအား ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ဇူလိုင်လအတွင်း၌ အတည်ပြုခန့်ထားခဲ့ခြင်း ဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment