Thursday, August 1, 2019

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကျင်းပ
Image may contain: 6 people, people smiling, indoor
နေပြည်တော် ဇူလိုင် ၃၁
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင် ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာ ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျှော့ချ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျှော့ချရန်နှင့် အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို အထောက် အကူပေးရန်၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုအစီအစဉ် ၂၀၃၀ ရည်မှန်းချက်ကို တိုးမြှင့်အကောင် အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့်သွားရန် ရည်ရွယ်ဆောင် ရွက်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာစီမံကိန်းများဖြင့် စီမံကိန်းဒေသများရှိ တောင်သူ လယ်သမားများ၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ သာယာ၀ပြောမှုကို တိုးမြှင့်ပေးရေး ကြိုးပမ်းအကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။
စီမံကိန်းငါးခုအား အကောင်အထည်ဖော်
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် ရေးအတွက် အကောင်အထည်ဖော်မည့် စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်က မဲခေါင်-လန်ချန်း ပူးပေါင်းမှုအရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအောက်မှ ပထမအသုတ် စီမံကိန်းငါးခုအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအောက်မှ ဒုတိယအကြိမ် စီမံကိန်း ၁၂ ခုနှင့် ပတ်သက်၍ ရှေ့ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအား အမှတ်တရ လက်ဆောင် ပေးအပ်သည်။
စီမံကိန်းဆိုင်ရာပြကွက်များကို ကြည့်ရှု
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော် များသည် ခန်းမအတွင်း ဦးစီးဌာနများက ခင်းကျင်းပြသ ထားသော စီမံကိန်းဆိုင်ရာ ပြကွက်များကို ကြည့်ရှုအားပေး ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်နိုင်ငံ ငါးနိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ စိုက်ထူ တည်ထောင်ပေးခြင်းနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍအောက်မှ အဓိကဌာနကြီးအဖြစ် ဆောင်ရွက်လျက်ရှိသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူး ရန်ပုံငွေ ဒုတိယအကြိမ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်း စုစုပေါင်း ၂၃ ခုကို အဆိုပြုခဲ့ရာ စီမံကိန်း ၁၂ ခု ရွေးချယ်ခံခဲ့ ရပြီး စီမံကိန်းရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသန်းခန့်ကို ဦးစားပေးကဏ္ဍ ကနဦးအဆင့်အနေဖြင့် ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊ ထုတ်လုပ်မှု စွမ်းရည် ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ် (Water Resources)၊ စိုက်ပျိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (Agriculture and Poverty Reduction) စသည့် ကဏ္ဍ ငါးခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများက ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment