Thursday, August 1, 2019

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံ
Image may contain: 7 people, people sitting and indoorနေပြည်တော် ဇူလိုင် ၃၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သောအဖွဲ့ဝင် ကိုးဦးပါ အဆင့်မြင့်မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များပါဝင်သည့် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ သွားရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ဒါကာမြို့မှ ကော့စ်ဘဇားသို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းအမှတ်(၄)တွင် ဒုက္ခသည် စခန်းများမှ နေရပ်စွန့်ခွာသူ ၅၀ ခန့်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Md. Delwar Hossain ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမြ. Mr. Manjurul Karim Khan Chowdhury ၊ ဒုက္ခသည်များကယ်ဆယ်ရေးနှင့် နေရပ်သို့ပြန်လည်စေလွှတ်ရေးဆိုင်ရာ မဟာမင်းကြီး Mr. Md Abul Kalam နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အသိပေးပြောကြား
အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြန်လည်နေရာချထားရေးအတွက် စီစဉ်ထားရှိမှု၊ အဆောက် အအုံများဆောက်လုပ်ထားရှိမှု၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အဆင့်ဆင့်၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးအစီအမံများ၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသားဖြစ်မှု၊ NVC ကတ်ကိုင်ဆောင်မှု၏ အကျိုးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုအသိုက်အဝန်းများအကြား သဟဇာတရှိစေရေး ဆောင်ရွက်ထားရှိမှုများကို အသိပေးပြောကြားခဲ့သည်။ ASEAN-ERAT အဖွဲ့ဝင်များကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကနဦးကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့မှုနှင့် အာဆီယံမှ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည့် လုပ်ငန်းရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်သည် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ပြုစုထားသည့် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ Factsheet များကို ဒုက္ခသည်များကယ်ဆယ်ရေးနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ရေးဆိုင်ရာ မဟာမင်းကြီး Mr. Md Abul Kalam ထံ နေရပ်စွန့်ခွာသူများအကြား ဖြန့်ဝေပေးရန်ပေးအပ်ခဲ့ပြီး ရှင်းလင်းပွဲများသို့ တက်ရောက်လာသည့် နေရပ် စွန့်ခွာသူကိုယ်စားလှယ်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။
ထိုနေ့ ညနေပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် လုပ်ငန်းအဖွဲ့ဝင်များတွေ့ဆုံပြီး နေရပ်စွန့်ခွာ သွားသူများအား ပြန်လည်စိစစ်ရေးလုပ်ငန်းစဉ်တွင် တွေ့ကြုံ ရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇားရှိဒုက္ခသည်စခန်းအမှတ်(၄)သို့ ထပ်မံသွားရောက်ခဲ့ကာ နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ပြီး နေရပ် စွန့်ခွာသူများနှင့်ဆက်လက်ထိတွေ့ ဆောင်ရွက်သွားရေး၊ နိုင်ငံသားဖြစ်မှု၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွင် နိုင်ငံသားပြုခွင့် (ပြုနိုင်ငံသား) ပါဝင်ကြောင်း၊ နေရပ်စွန့်ခွာသူများအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ နေရပ်ပြန်နိုင်ရေး မိမိကိုယ်တိုင်စဉ်း စားဆုံးဖြတ် ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့တို့သည် ဒုက္ခသည်စခန်းအမှတ်(၄)၏ ရှေ့တန်းစခန်းရုံးသို့ ဆက်လက် ထွက်ခွာခဲ့ပြီး ကော့စ်ဘဇားအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း များဖြစ်ကြသည့် UNHCR ၊ WHO ၊ World Food Programme IOM UNDP နှင့် ICRC တို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ခရီးစဉ် လာရောက်ရခြင်း၏ အကြောင်းရင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် မြန်မာနိုင်ငံအစိုးရနှင့် UNDD ၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထားသော ဩ့ အရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Quick Impact Projects အစီအမံ များကို အသိပေးပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်နှင့် ASEAN-ERAT အဖွဲ့ဝင်များက ၎င်းတို့ဘက် မှ မေးမြန်းချက်များဖြစ်သည့် နိုင်ငံသားဖြစ်မှု၊ ဒုက္ခသည်စခန်းများအား အမျိုးသားလုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲလျက် စနစ်တကျ ပိတ်သိမ်းဆောင်ရွက် သွားမည့် အစီအမံများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိစေရေးဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြား ခဲ့သည်။
ညှိနှိုင်းဆောင်ရွက်ပေးနေ
ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့တို့ သည် ဟိန္ဒူဘာသာဝင် ကိုယ်စားလှယ် ၁၀ ဦးနှင့် ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ် လေးဦးတို့အား တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် အမြဲတမ်း အတွင်းဝန်က ၎င်းတို့နေရပ်သို့ ဆောလျင်စွာပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြား ပြီး ရခိုင်ပြည်နယ်အစိုးရ၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးရာဂူးနေမြင့်တို့က လည်း ပြန်လည်နေရာချထားရေးအစီအမံများကို အသိပေးပြောကြားခဲ့သည်။
ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန Meghna ဧည့်ရိပ်သာ၌ ယာယီနိုင်ငံခြားရေးအတွင်းဝန် Mr. Kamrul Ahsan နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာအမြဲတမ်းအတွင်းဝန် Mr. Mahbub Uz Zaman ၊ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Md. Delwar Hossain နှင့် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မြ. Karim Khan Chowdhury နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများလည်း တက်ရောက်ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်း အမှတ်(၄)ရုံးနှင့် ယင်း၏ရှေ့တန်းစခန်းရုံးတို့တွင် ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက် တို့၌ နေရပ်စွန့်ခွာသွား သူကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဟိန္ဒူနှင့် ခရစ်ယာန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုတို့ကို အသိပေးပြောကြားခဲ့သည်။ ထို့ပြင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံသဘောတူညီထားသည့်Arrangement နှင့်အညီ ဆောင်ရွက်သွားရေး၊ မြန်မာဘက်မှ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေးအတွက် အသင့် ရှိနေမှုတို့ကို ထပ်လောင်းအသိပေးခဲ့သည်။
ထို့ပြင် AHA Centre မှ Deputy Executive Director Mr. ArnelCapili နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းဌာနကြီးမှ òန်ကြားရေးမှူး Mr. Ky-Anh Nguyen တို့က ASEAN-ERAT အဖွဲ့၏လုပ်ပိုင်ခွင့် (mandate) နှင့် လုပ်ထုံးလုပ်နည်း (TOR) တို့ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ASEAN-ERAT အဖွဲ့မှ ၂၀၁၉ ခုနှစ် မတ်လက ဆောင်ရွက်ခဲ့သည့် ကနဦးဆန်းစစ် လေ့လာရေး ကွင်းဆင်းဆောင်ရွက်မှုနှင့် အလုံးစုံပါဝင်သည့်ကွင်းဆင်း ဆောင်ရွက်မှု ပြုလုပ်သွားမည့် အစီအစဉ်များနှင့် အာဆီယံမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများကို အသိပေးပြောကြားခဲ့သည်။
တွေ့ဆုံမှုအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီ နိုင်ငံခြားရေး အတွင်းဝန်က နေရပ်စွန့်ခွာသွားသူ ၂၅၀၄၇ ဦးတို့၏ ဖြည့်စွက်ပြီး စိစစ်ရေးပုံစံများကို မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ စိစစ်ရေးပုံစံများကို စနစ်တကျနှင့် ထိရောက်စွာစိစစ် နိုင်ရေးအတွက် လိုအပ်နေသည့် ရောင်စုံဓာတ်ပုံများကို ဆောလျင်စွာပံ့ပိုးပေးရန် အသိပေးပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့သည့် Arrangement နှင့်အညီ နေရပ်စွန့်ခွာ သွားသူများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်လက်ခံနိုင်ရန် မြန်မာဘက်မှ လိုအပ်သည့်ပြင် ဆင်ဆောင်ရွက်မှု များကို စီစဉ်ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သောအဖွဲ့ဝင် ကိုးဦးပါ မြန်မာကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment