Friday, August 2, 2019

ဂျပန်လေတပ်ဖွဲ့မှ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ လေ့ကျင့်ပျံသန်း
Image may contain: 5 people, people smiling, people standing
တိုကျို ဩဂုတ် ၁
လူအသေအပျောက်ရှိခဲ့သည့် အက်ဖ် - ၃၅ ရေဒါရှောင်ကွင်းနိုင်သည့် ဂျက်တိုက် လေယာဉ်တစ်စင်း ပျက်ကျခဲ့မှုကြောင့် လေးလတာကာလနီးပါး ရပ်ဆိုင်းထားခဲ့သည့် ယင်းတိုက်လေယာဉ်များ၏ လေ့ကျင့်ပျံသန်းမှု ကို ဩဂုတ် ၁ ရက်တွင် ပြန်လည်စတင် ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အက် - ၃၅ အမျိုးအစား ဂျက်တိုက် လေယာဉ်များ စတင်လေ့ကျင့်ပျံသန်းမှုကို နိုင်ငံမြောက်ပိုင်းဒေသရှိ လေတပ်အခြေစိုက် စခန်းတစ်ခုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြ သည်။
ဂျပန်ကိုယ်ပိုင်လေကြောင်း ကာကွယ် ရေးတပ်ဖွဲ့ (ဂျေအက်စ်ဒီအက်ဖ်)၏ အိုမီရီ ပြည်နယ် မီဆာဝါလေတပ် အခြေစိုက်စခန်းမှ အက်ဖ်-၃၅ အမျိုးအစား ရေဒါရှောင်ကွင်းနိုင် သည့် ဂျက်တိုက် လေယာဉ်များ၏လေ့ကျင့် ပျံသန်းမှုကို ဩဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။
ယင်း ဂျက်တိုက်လေယာဉ်များ၏လေ့ကျင့်ပျံသန်းမှုကို နေ့ပိုင်းအချိန်များ အတွင်း၌သာ ပြုလုပ် သွားရန် စီစဉ်ထား သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အက်ဖ်-၃၅ အမျိုးအစား ဂျက်တိုက် လေယာဉ်များသည် ဂျပန်လေကြောင်း ကိုယ်ပိုင်ကာ ကွယ်ရေး တပ်ဖွဲ့ (ဂျေအက်စ်ဒီ အက်ဖ်)၏ အဓိကမဏ္ဍိုင်ဖြစ်ပြီး လာမည့် ၁၀ နှစ်တာကာလအတွင်း ယင်းအမျိုး အစားလေယာဉ် ၁၄၇ စင်းကို ဂျပန်လေတပ် တွင် တာဝန်ထမ်းဆောင်စေမည်ဟု ဆိုသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment