Friday, August 2, 2019

မေရိကန်က အီရန်နိုင်ငံခြားရေးဝန်ကြီးအား ပိတ်ဆို့မှုများ ချမှတ်
Image may contain: 2 people
ဝါရှင်တန် ဩဂုတ် ၁
အမေရိကန်အစိုးရက အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်အား ပိတ်ဆို့မှုများ ယနေ့ စတင်ချမှတ်ခဲ့ ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုအတွင်းရှိ ၎င်းပိုင်ဆိုင်သောစီးပွားရေးလုပ်ငန်းများ လည်ပတ်မှုကို ရပ်ဆိုင်းပိတ်ပင် လိုက်ပြီဖြစ်သည့်အပြင် နိုင်ငံတကာခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်လိုက်ပြီဖြစ်သည်။ အီရန်နိုင် ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်သည် အီရန်သမ္မတ၏မူဝါဒများကို အကောင် အထည်ဖော် ဆောင်ရွက်ရသူဖြစ်သည့်အပြင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။
အီရန်အစိုးရ၏ လုပ်ရပ်များသည် လက်ခံနိုင်စရာမကောင်းပါကြောင်း အမေရိကန်အစိုးရက အီရန် အာဏာပိုင် များထံသို့ ပေးပို့ခဲ့သည့်ပေးစာထဲတွင် ရေးသားထားသည်ဟု ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူးချင်က ဆိုသည်။
မကြာသေးမီက အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီအား အမေရိကန်က ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ယင်းသို့ သမ္မတထရန့်၏ အီရန်ခေါင်းဆောင်များအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် သမ္မတဟောင်းအိုဘားမား ကြိုးပမ်းခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲများမှ အီရန်နျူကလီးယားအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုသည့် လုပ်ဆောင် ချက်နှင့် သွေဖည်လျက်ရှိသည်။
သမ္မတထရန့်က မစ္စတာ မိုဟာမက်ဂျာဗက်ဇာရစ်ဖ်သည် အီရန်နိုင်ငံ၏ ဝါဒဖြန့်ဝန်ကြီး တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယင်းသို့ ပိတ်ဆို့မှုချမှတ်ခဲ့ခြင်းသည် အီရန်နိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းတွင် ဝင်ဆံ့မှု မရှိစေရန် တားဆီးလိုက်ခြင်းပင်ဖြစ်သည်ဟု အီရန်နိုင်ငံခြား ရေးဝန်ကြီး ဇာရစ်ဖ်ကဆိုသည်။ အေအက်ဖ်ပီ

No comments:

Post a Comment