Thursday, August 8, 2019

ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများအပေါ် ပေးရသည့်အခကြေးငွေနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုမျိုး ဖြစ်ရန်လို
=
Image may contain: 3 people, people sitting, table and indoorနေပြည်တော် ဩဂုတ် ၇

လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေမှုနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တိုးတက်သုံးစွဲနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထားသည့်အတွက် ၁၀ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း ထပ်မံရရှိရေး ဆောင်ရွက်ရာတွင် မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို ဘက်ပေါင်းစုံမှ ကြိုတင် စဉ်းစားဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း၊ ပြည်သှူဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက် ကြရမည်ဖြစ် ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြင့်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုအား နားလည် သဘောပေါက်အောင် ချပြရှင်းလင်းဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ရရှိသည့်ဘဏ္ဍာငွေများဖြင့် ပြည်သူ လူထု အတွက် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရာတွင် အကျိုးရှိရှိ စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူကိုဦးစားပေး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြရန်လိုကြောင်း ပြည်သူ လူထု၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများအပေါ် ပေးရသည့်အခကြေးငွေနှင့် ထိုက်တန်သည့် ဝန်ဆောင် မှုမျိုးဖြစ်ရန် လိုအပ်ကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်း များအနက် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူနှင့် အဓိက ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်သည့်အတွက် တိုင်းဒေသကြီး^ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးများသည် ဝန်ဆောင်မှု ကောင်းရန်လိုအပ်ကြောင်း၊ ပြည်သူတို့၏ တုံ့ပြန်မှု၊ တောင်းဆိုမှုများကို အထူးဂရုပြုဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် တင်ဒါလုပ်ငန်းဆောင်ရွက်မှုများတွင်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန်ဖြစ်စေရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအား အဆင့်ဆင့် တင်ပြ၍ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အကျိုး၊ နိုင်ငံတော်အကျိုးအတွက် မိမိတို့၏ လုပ်ငန်းအတွေ့အကြုံ၊ ဘ၀အတွေ့အကြုံ၊ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ ပြည်သူလူထုအတွက် အရည် အသွေးပြည့်၀ပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်၍ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး^ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တအမှု ဆောင် အရာရှိချုပ်တို့က မိမိတို့ဒေသအလိုက် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေမှုနှင့် ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ နှစ်အလိုက် အမြင့်ဆုံးသုံးစွဲမှု ဝန်အားအခြေအနေနှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ အမျိုးသား လျှပ်စစ်ဓာတ် အားရရှိရေးစီမံကိန်း၊ စီမံကိန်းတာဝန်ခံကအမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းပထမအဆင့်မှ လျှပ်စစ်ဓာတ်အားရရှိမည့် ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိသည့်ကျေးရွာများတွင် ဖြစ်ပေါ်နေသော အခက်အခဲများ၊ ဖြေရှင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ဒုတိယအဆင့်တွင် စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးစောဝင်းမောင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment