Thursday, August 8, 2019

ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်း
Image may contain: 1 person, indoor
နေပြည်တော် ဩဂုတ် ၇
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့် မှန်းခြေငွေစာရင်းများနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာအား ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် န၀မနေ့ အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က ဖတ်ကြားရှင်းလင်းသည်။
ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်းက စစ်ဆေးနိုင်မှုအတိုင်းအတာ အနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သော ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် နေပြည်တော်ကောင်စီတို့၏ ၂၀၁၈ ခုနှစ် မတ်လ (အပြီးသတ်)စာရင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း များ၏ ၂၀၁၈ ခုနှစ် မတ်လ (နောက်ဆက်တွဲ) ရငွေသုံးငွေ ရှင်းတမ်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှ ဆောင်ရွက်သော ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ နေပြည် တော်စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နှစ်ချုပ် စာရင်းများကို ကောက်နုတ်စစ်ဆေးခဲ့ပါကြောင်း။
စစ်ဆေးသည့်အခါ အစိုးရဌာန အဖွဲ့အစည်းများ၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ရငွေများပြည့်၀စွာကောက်ခံမှု၊ သုံးစွဲခွင့်ပြုထားသည့် အသုံးစရိတ်များအား ထိရောက်စွာ အသုံးပြုမှု၊ အခြေအနေများကို စစ်ဆေးခြင်းနှင့် ဆက်စပ် လျက်ရှိသော ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအပေါ် အကောင်အထည်ဖော်မှု၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေအပေါ် အကောင် အထည်ဖော်မှု၊ အစိုးရကြွေးမြီအပေါ် ကြီးကြပ်ဆောင်ရွက်မှု နှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့် စာရင်းများဆိုင်ရာ အကောင် အထည်ဖော်မှုတို့ကို ကောက်နုတ်စစ်ဆေးခဲ့ပါ ကြောင်း။
ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးသည် မတ်လအပြီးသတ် စာရင်းများအရ ၂ ဒသမ ၆၃ ရာခိုင်နှုန်းရှိ
ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေနှင့် GDP အချိုး သည် မတ်လအပြီးသတ်စာရင်းများအရ ၂ ဒသမ ၆၃ ရာခိုင် နှုန်းရှိပါကြောင်း၊ ရငွေနှင့်စပ်လျဉ်းသည့် အဓိကစစ်ဆေး တွေ့ရှိချက်များအနေဖြင့် ရသင့်ရထိုက်သည့်ရငွေများ ပြည့်စုံစွာ ထည့်သွင်းလျာထားမှုမရှိခြင်း၊ လျော့နည်း လျာထားခြင်း၊ ရငွေများကို လျာထားသည့်အတိုင်း ရရှိမှု မရှိ ခြင်း၊ ငှားရမ်းခရငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိခြင်း၊ ယခင်နှစ်ဟောင်းကြွေးကျန်များ ထည့်သွင်းလျာထားမှု မရှိခြင်း၊ ပြည်ပချေးငွေ၊ အကူ အညီရငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများတွင် Work Plan များအတိုင်း အကောင်အထည်ဖော်နိုင်မှုမရှိခြင်း၊ ချေးငွေစာချုပ် ပြင်ဆင်ချုပ်ဆိုဆဲဖြစ်ခြင်း၊ ပစ္စည်းဝယ် ယူမည့် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်ဆဲဖြစ်ခြင်း၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ အချိန်မီ မဆောင်ရွက်နိုင်ခြင်း၊ ချေးငွေသက်တမ်း ကာလ ကုန်ဆုံးချိန်နီးသော်လည်း အပြည့်အဝအချိန်မီ အကောင်အထည်မဖော်နိုင်ခြင်းတို့ကြောင့် ပြည်ပအကူ အညီ ချေးယူရငွေ လျော့နည်းခြင်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထိရောက် ကောင်းမွန်သည့် အရအသုံးခန့်မှန်းခြေငွေစာရင်းဖြစ် စေရန် နှစ်စဉ်အရ ခန့်မှန်းခြေငွေစာရင်းများရေးဆွဲရာ တွင် ရသင့်ရထိုက်သောရငွေများ အပြည့်အဝလျာထား စေရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ခံရရှိနိုင်မှုနှင့် မမျှော်မှန်းနိုင်သည့် အခြေအနေ အကြောင်းအရာများ ဖြစ်ပေါ်မှုများအတွက် အချိန်နှင့်တစ်ပြေးညီ လျာထား စာရင်း၌ ပါဝင်စေရေး၊ အမှန်ရရှိမှုနှင့် လျာထားငွေ ကွာဟမှုနည်းပါးစေရေး၊ ရရှိသင့်သောရငွေများ ပြည့်၀စွာ ရရှိရေး၊ ပြည်ပချေးငွေ၊ အကူအညီရငွေဖြင့် ဆောင်ရွက် မည့် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်းဖြင့် ပြည်ပချေးယူရငွေများ၊ အကူအညီရငွေ များကို လျာထားသည့်အတိုင်း ရယူသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တင်ပြအပ်ပါ ကြောင်း။
အသုံးစရိတ်နှင့် စပ်လျဉ်းသည့် အဓိက စစ်ဆေးတွေ့ရှိ ချက်များအနေဖြင့် ရုံးအသစ်ဖွဲ့စည်းရန် ဖွဲ့စည်းပုံတင်ပြခြင်း မရှိသေးဘဲ ၎င်းရုံးအတွက် ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂ များဝယ်ယူရန် လျာထားခဲ့ခြင်း၊ အဆောက်အအုံဆောက် လုပ်ရန် မြေနေရာမရှိသေးဘဲ အဆောက်အအုံအတွက် လျာထားခဲ့ခြင်း၊ မြေပြင်အနေအထား၊ နေရာဒေသအခြေ အနေ၊ အခြားကြိုတင်မမျှော်မှန်းနိုင်သည့် အနေအထား တို့ကို လေ့လာဆန်းစစ်မှုမရှိဘဲ တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ရန် လျာထားခြင်း၊ ပြည်ပချေးငွေ၊ အကူ အညီရငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်များဖြင့် ဆောင်ရွက် မည့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင် အထည်ဖော်နိုင်မှု မရှိခြင်းကြောင့် သုံးစွဲမှုမပြုနိုင်ခြင်း၊ အသုံးစရိတ်သုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း ညွှန်ကြား ချက်များနှင့် ညီညွတ်မှုမရှိခြင်း၊ အရေးပေါ် ရန်ပုံငွေမှ အသုံးစရိတ်များ ကျခံသုံးစွဲရာတွင် မူလရည်ရွယ်သည့် အတိုင်း သုံးစွဲမှုမရှိခြင်းတို့ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အမှန်ဆောင်ရွက်နိုင်မည့် အခြေအနေအရ လိုအပ်ချက်များ၊ အနေအထားများအား ဘက်ပေါင်းစုံမှ ပြည့်စုံစွာ လေ့လာစိစစ်ပြီးမှသာလျှင် ခွင့်ပြုရန်ပုံငွေ လျာထားတောင်းခံရန်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့၏ ညွှန်ကြားချက်များ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အသုံးစရိတ်များအား ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ချေးငွေဖြင့် အကောင်အထည်ဖော်နေ သည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးနှင့် Plan နှင့် Budget လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် ဌာနအဖွဲ့အစည်းအသီးသီးအနေဖြင့် စနစ်တကျစီမံခန့်ခွဲ ရန် လိုအပ်ကြောင်း။
အသုံးစရိတ်ခွင့်ပြုငွေနှင့် ပိုလျှံငွေများ ပြန်လည်အပ်နှံ ရာတွင် မူလခန့်မှန်းခြေအရ အသုံးစရိတ်ခွင့်ပြု ငွေကျပ်ကျပ်၂၀၅၉၄ ဒသမ ၁၆၅ ဘီလီယံ၊ ဖြည့်စွက်ခွင့်ပြုငွေကျပ်ကျပ်၂၄၇၄ ဒသမ ၁၀၆ ဘီလီယံနှင့် အထွ ေထွေပိုလျှံရန်ပုံငွေစာရင်းမှ လွှဲပြောင်းသုံးစွဲငွေကျပ် ၂၄၆ ဒသမ ၈၈၇ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ကျပ် ၂၃၃၁၅ ဒသမ ၁၅၈ ဘီလီယံမှ ငွေကျပ်ကျပ် ၂၅၁၄ ဒသမ ၂၈၈ ဘီလီယံကို ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ယင်းအပ်နှံမှုတွင် ဖြည့်စွက်ခွင့်ပြုငွေမှ ပြန်လည်အပ်နှံမှုငွေကျပ် ကျပ် ၂၆၇ ဒသမ ၁၃၆ ဘီလီယံရှိသဖြင့် ဖြည့်စွက်ခွင့်ပြုငွေကျပ် ကျပ် ၂၄၇၄ ဒသမ ၁၀၆ ဘီလီယံတွင် ပိုလျှံငွေပြန်လည် အပ်နှံမှု ၁၀ ဒသမ ၈၀ ရာခိုင်နှုန်းရှိပါကြောင်း။
ပိုလျှံငွေများ ပြန်လည်အပ်နှံရာတွင် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ငွေကျပ်ကျပ် ၂၄၆၃ ဒသမ ၃၉၀ ဘီလီယံ အပ်နှံခဲ့ပြီး ကျန်ပိုလျှံငွေများကို ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် အချိန်မီ ပြန်လည်အပ်နှံကြရန်ဖြစ်သော်လည်း ဌာနအဖွဲ့အစည်းအချို့သည် လုပ်ငန်းသဘာ၀အရ အထွေ ထွေပိုလျှံရန်ပုံငွေသို့ အပြီးသတ်အပ်နှံနိုင်မှုမရှိခြင်း၊ စာရင်း ချုပ်ရေးဆွဲပြီးမှသာ ပိုလျှံငွေများကို ပြန်လည်အပ်နှံနိုင် ခြင်းတို့ကြောင့် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်နောက်ပိုင်းတွင် ငွေကျပ်ကျပ် ၅၀ ဒသမ ၈၉၈ ဘီလီယံ ပြန်လည်အပ်နှံထားသည် ကို တွေ့ရှိရပါကြောင်း။
ပိုလျှံငွေများအား ဘဏ္ဍာနှစ်အတွက် သတ်မှတ်ချိန်အတွင်း အပ်နှံနိုင်ရေး လိုက်နာဆောင်ရွက်ရန် သုံးသပ်အကြံပြု
ယင်းသို့ အပ်နှံခဲ့မှုကြောင့် ဘဏ္ဍာနှစ်မကုန်ဆုံးမီ နိုင်ငံတော်အတွက် လိုအပ်သည့် အခြားစီမံကိန်းများ၊ လုပ်ငန်းများသို့ လွှဲပြောင်းသုံးစွဲမှု မပြုနိုင်သဖြင့် နိုင်ငံ တော်၏ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို ပိုမို အားကောင်းတိုးတက်စေရေးအတွက် ဘဏ္ဍာရေးစည်း မျဉ်းများ၊ òန်ကြားချက်များနှင့်အညီ ပိုလျှံငွေများအား ဘဏ္ဍာနှစ်အတွက် သတ်မှတ်ချိန်အတွင်း အပ်နှံနိုင်ရေး လိုက်နာဆောင်ရွက်ရန် သုံးသပ်အကြံပြုအပ်ပါကြောင်း။
ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေ ရရှိမှု၊ သုံးစွဲမှုများတွင် ရရှိမှု(ယာယီအမှန်) အမေရိကန်ဒေါ်လာ သန်း ၂၄၇၀ ဒသမ ၂၃၀ ဖြစ်ပြီး သုံးစွဲမှု (ယာယီအမှန်)သည် အမေရိကန်ဒေါ်လာ သန်း ၃၃၇၃ ဒသမ ၁၆၀ ဖြစ်၍ ရရှိမှုအပေါ် သုံးစွဲမှုရာခိုင်နှုန်းအနေဖြင့် ၁၃၆ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်ပြီး လိုငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၂ ဒသမ ၉၃ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့သည် နိုင်ငံခြားငွေအများဆုံးရရှိသည့်ဌာနများ ဖြစ်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုများသည် အဓိကအားဖြင့် ပြည်ပ ကြွေးမြီ အတိုး၊ အရင်းပြန်ဆပ်ခြင်းများ ဖြစ်ပါကြောင်း။
ပြည်ထောင်စု၏ အခွန်အကောက်ရငွေသည် ငွေကျပ် ကျပ် ၇၄၂၃ ဒသမ ၇၂၃ ဘီလီယံဖြစ်ပြီး ပြည်ထောင်စု၏ သာမန်ရငွေတွင် ၄၄ ဒသမ ၃၆ ရာခိုင်နှုန်းပါဝင်ပါကြောင်း၊ အခွန်အမျိုးအစားအလိုက် ကောက်ခံရရှိမှု စုစုပေါင်းသည် မူလခန့်မှန်းခြေအပေါ် ၁၁၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ ပြုပြင်ပြီး ခန့်မှန်းခြေအပေါ် ၉၈ ဒသမ ၃၈ ရာခိုင်နှုန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အခွန်အကောက်ရငွေများကို လျာထားရာတွင် လျာ ထားသင့်သည်ထက် လျော့နည်းလျာထားခြင်း၊ နှစ် ဟောင်းကြွေးကျန်များအား အစီအမံများ ချမှတ်ပြီး ထိရောက်စွာ ကောက်ခံရန်လိုအပ်ခြင်း၊ အခွန်ကောက်ခံ သည့်နှုန်းထားများ ခေတ်နှင့်ဆီလျော်မှု မရှိခြင်းတို့ကို တွေ့ ရှိရပါကြောင်း။
ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု အားကောင်းစေရေးအတွက် အခွန်ရငွေအား လျာထား ချက်နှင့်အညီ အနီးစပ်ဆုံး ပြည့်၀စွာ ကောက်ခံရရှိစေ ရေးနှင့် နှစ်ဟောင်းကြွေးကျန်များ ထိရောက်စွာ ကောက်ခံ နိုင်ရေး လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်ရန်နှင့် နှုန်းထားများ ခေတ်နှင့်ဆီလျော်မှုရှိစေရေး ဆောင်ရွက် ရန် လိုအပ်သည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း။
၂၀၁၇-၂၀၁၈ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရာတွင် ၂၀၁၈ ခုနှစ် မတ်လကုန် ယာယီစာရင်းအရ လယ်ယာကဏ္ဍကြီး၊ စက်မှု ကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့၌ စုစုပေါင်းကျပ် ငွေကျပ် ၆၃ ၈၂၇ ဒသမ ၉၁၉ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် လယ်ယာကဏ္ဍကြီးတွင် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်အကောင်အထည်ဖော်နိုင်ခဲ့ပါ ကြောင်း၊ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တိုးတက်မှုနှုန်း (GDP Growth Rate)တွင် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိသဖြင့် ယခင်နှစ်ထက် တိုးတက်ခဲ့သော်လည်း ဥပဒေအရ တိုးတက်ရန် ၇ ဒသမ သုည ရာခိုင်နှုန်းအောက် လျော့နည်းခဲ့ပါကြောင်း။
လူတစ်ဦး၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ်တိုးလာ
လူတစ်ဦး၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး သည် တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တိုးတက်မှုရာခိုင်နှုန်းသည် ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိပါကြောင်း၊ GDP တွက်ချက်သည့် ပုံမှန်ဈေး နှုန်းသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ဈေးနှုန်းဖြစ်နေဆဲ ဖြစ်၍ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲတွက် ချက်ရန် လိုအပ်ပါကြောင်း၊ ပြည်ပကုန်သွယ်ရေးတွင် ပို့ကုန်တန်ဖိုးသည် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၂၈၅၂ ဒသမ ၁၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း သွင်းကုန် တန်ဖိုးသည် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၁၄၇၅ ဒသမ ၈၉ သန်း ပိုမိုတင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
National Plan အရ လျာထားချက်အပေါ် လုံး၀ အကောင်အထည်မဖော်နိုင်သည့် စီမံကိန်း ၁၁ ခုရှိပြီး ၎င်းတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ငါးခု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ငါးခု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တစ်ခုဖြစ်ပါကြောင်း၊ Nအေငသညal ဏူညေ အရ လျာထားချက် အပေါ် ၅၀ ရာခိုင်နှုန်းအောက်သာ အကောင်အထည်ဖော် နိုင်သည့် စီမံကိန်း ၁၅ ခုရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ငါးခု၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနမှ ရှစ်ခု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ တစ်ခု၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တစ်ခု ဖြစ်ပါကြောင်း။
GDP တွက်ချက်သည့် ပုံမှန်ဈေးနှုန်းအား အနီးစပ် ဆုံးဘဏ္ဍာနှစ်ကို ပြောင်းလဲတွက်ချက်ရန်၊ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေး တိုးမြှင့်ဆောင်ရွက်ရန်၊ ကုန်သွယ်ရေး ကဏ္ဍ၏ လုပ်ငန်းစဉ်များအား နိုင်ငံတော်၏ ကုန်သွယ်ရေး မူဝါဒ၊ စီးပွားရေးမူဝါဒနှင့်အညီ ဆောင်ရွက်ရန်၊ အမျိုးသား စီမံကိန်း အကောင် အထည်ဖော်မှု လုပ်ငန်းစဉ်အား စနစ်တကျအကောင်အထည်ဖော်ရန်၊ စီမံကိန်းရေးဆွဲခြင်း နှင့် ဘတ်ဂျက်လျာထားသတ်မှတ်ခြင်းတို့ကို ပိုမိုတိုးတက် ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တင်ပြ အပ်ပါကြောင်း။
အစိုးရကြွေးမြီ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေအခန်း (၂) ပုဒ်မ ၁၂ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေအခန်း (၃) ပုဒ်မ ၄ တို့ အရ ပြည်တွင်း၊ ပြည်ပချေးယူရငွေ စုစုပေါင်းသည် ငွေကျပ် ကျပ် ၅၄၀၀ ဒသမ ၀၀၀ ဘီလီယံထက် မပိုစေရဟုပါရှိ ပါ ကြောင်း၊ ပြည်တွင်းနှင့် ပြည်ပစုစုပေါင်း ချေးယူငွေသည် ပြည်တွင်းချေးယူငွေကို အသားတင်ချေးယူမှုဖြင့် မဖော် ပြပါက ငွေကျပ်ကျပ် ၈၉၄၂ ဒသမ ၇၈၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးသည် ၂ ဒသမ ၆၃ ရာခိုင်နှုန်းနှင့် အသားတင်လိုငွေနှင့် ဂျီဒီပီ အချိုးသည် ၂ ဒသမ ၉၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ အသားတင်လိုငွေသည် ယခင်နှစ်ထက် ငွေကျပ်ကျပ် ၄၀၉ ဒသမ ၀၆၈ ဘီလီယံ ပိုမိုခဲ့ပြီး လိုငွေအား ဖြည့်ဆည်းနိုင်ရန် အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက် စာချုပ်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြင့် ဖြည့်ဆည်းထား သည်ကို တွေ့ရှိရပါကြောင်း။
အစိုးရကြွေးမြီအဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်ရှိ ပြည်ပကြွေးမြီလက်ကျန် အမေရိကန်ဒေါ်လာ ၁၀၂၀၀ ဒသမ ၁၇၀ သန်း၊ ပြည်တွင်းကြွေးမြီငွေကျပ်ကျပ် ၂၀၇၂၄ ဒသမ ၆၇၃ ဘီလီယံရှိပြီး ယခင်နှစ်ထက် ပိုမိုလာကြောင်း၊ ကြွေးမြီ စုစုပေါင်းသည် တစ်နှစ်ထက် တစ်နှစ်များပြား လာပြီး ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်တွင်း၊ ပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုးသည် ၃၈ ဒသမ ၃ ရာခိုင်နှုန်း ရှိသဖြင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေး ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ရန်နှင့် ချေးငွေဖြင့်ဆောင်ရွက်သော စီမံကိန်း လုပ်ငန်းများကို စီမံကိန်းကာလအတွင်း အကောင်အထည် ဖော်ရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင် ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများနှင့် စပ်လျဉ်း၍ အဓိကတွေ့ရှိချက်အနေဖြင့် လျာထားချက် တွင်မပါဝင်ဘဲ သီးခြားထပ်မံဆောင်ရွက်လိုသော ကိစ္စရပ် များအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ òန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားမှုမရှိခြင်း၊ လှည့် ပတ်ရန်ပုံငွေရယူပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ òန်ကြားချက်နှင့်အညီ အစိုးရငွေတိုက်စာချုပ်နှင့် အစိုးရ ငွေတိုက်လက်မှတ်အပေါ် ပေးရမည့်အတိုးနှုန်း ကာမိစေသည့် အမြတ် အစွန်းပေးသွင်း နိုင်မှုမရှိသေးခြင်း၊ ၃၅/၂၀၁၇ နှင့်အညီ ဘဏ္ဍာရေးနှစ် ၃ နှစ်ကျော်အပ်ငွေများကို အချိန်လွန် အပ်ငွေအဖြစ် စာရင်းညှိနှိုင်းမှုမရှိသေးခြင်း၊ အပ်ငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများ ပြီးစီးမှုမရှိသေးခြင်းနှင့် ပြီးစီးသည့်လုပ်ငန်း များအတွက် စာရင်းရှင်းလင်းနိုင်မှု မရှိသေးခြင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက် သောကြွေးမြီ၊ အပ်ငွေ၊ ယာယီစာရင်းများနှင့် စပ်လျဉ်း သည့် ကြီးကြပ်မှုများ ပိုမိုအားကောင်း လာစေရေး၊ တည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ညီညွတ်စေရေး ဆောင်ရွက် ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးက အထက်ပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၉)ကို ဖတ်ကြားပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်နာယကက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ၂၀၁၉ နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားရာ ပြည်ထောင်စုလွှတ်တော်နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် ဆုံးဖြတ်သည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများ နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်း လင်းပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယကက ယင်းပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြ ခြင်းကို ၂၀၁၉ ခုနှစ် ဩဂုတ် ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်သွားရန် လျာထားကြောင်းကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
သတင်း-မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်

No comments:

Post a Comment