Thursday, August 8, 2019

ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေး ကော်မတီ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဩဂုတ် ၇
ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦများတည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပြောကြား
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆက်သွယ်ရေးအခြေခံအဆောက် အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသော အခက် အခဲများအားဖြေရှင်းနိုင်ရေး၊ ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လျင်မြန်စွာခွင့်ပြုနိုင်ရေးနှင့် ဆက် သွယ်ရေးကွန်ရက် အထောက်အကူပြုအခြေခံအဆောက် အဦ ဖြတ်သန်းချခင်းခွင့်ဆိုင်ရာ နည်းဥပဒေများ(Right of Way Rule) ရေးဆွဲနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း ၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများမှ တင်ပြလာသည့် အခက်အခဲများ၊ ဆက်သွယ်ရေး òန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားလာရာတွင် ဦးစီးဌာနမှ စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက်အဦ အသုံးပြုမှုနှင့် စပ်လျဉ်း၍ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန် နိုင်ရေးကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေ များကို တင်ပြဆွေးနွေးသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ သက်ဆိုင်ရာဝန်ကြီးများနှင့် ဖိတ် ကြားထားသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များကလည်း ၎င်းတို့တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည် ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့် ကွက်မှုများ၊ဆက်သွယ်ရေးကွန်ရက်အထောက်အကူပြု အခြေခံအဆောက်အဦ ဖြတ်သန်းချခင်းခွင့်ဆိုင်ရာ နည်းဥပဒေတွင် ပါဝင်စေလိုသည့် အချက်အလက်များ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည် ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment