Thursday, August 8, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် JICA မှ Chief Representative ဦးဆောင်သောအဖွဲ့နှင့်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် ဦးဆောင်သောအဖွဲ့တို့အား သီးခြားစီလက်ခံတွေ့ဆုံ
Image may contain: 8 people, people smiling, people standing and indoor
နေပြည်တော် ဩဂုတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် JICA မှ Chief Representative ဖြစ်သူ Mr.Masayuki Karasawa ဦးဆောင် သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr.Won Bae Dahn ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း ပြန်ကြား ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
JICA မှ Chief Representative ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီဆောင်ရွက် ပေးနေမှုအခြေအနေ၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ပို့ချ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နေပြည်တော်တွင် ရုပ်ရှင်သင် တန်းကျောင်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment