Thursday, August 1, 2019

Su-57 ဂျက်တိုက်လေယာဉ် အလုံးအရင်း ထုတ်လုပ်မှု ရုရှားစတင်
No photo description available.
မော်စကို ဇူလိုင် ၃၁
ရုရှားနိုင်ငံပိုင် ဆူခွိုင်းလေယာဉ်ကုမ္ပဏီသည် ရုရှား အာကာသတပ်ဖွဲ့နှင့် လက်မှတ်ရေးထိုးထားသည့် သဘော တူစာချုပ်အရ ဆူခွိုင်းဂျက်တိုက်လေယာဉ် (Su-57) အလုံးအရင်းဖြင့် ထုတ်လုပ်မှုကို စတင်နေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ယူရီဘော်ရီဆော့ဗ်၏ ရုံးက အတည်ပြု လိုက်သည်။
ဆူခွိုင်းလေယာဉ်ကုမ္ပဏီသည် ဇူလိုင် ၂၉ ရက်က လက်ကမ်းစာစောင် ထုတ်ဝေခဲ့ပြီး အဆိုပါ စာစောင်ထဲ၌ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆူခွိုင်းဂျက်တိုက်လေ ယာဉ် ၇၆ စင်း ဝယ်ယူရန် ဆူခွိုင်းလေယာဉ် ကုမ္ပဏီနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်ကို ရည်ညွှန်းဖော်ပြ ထားကြောင်း သိရသည်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆူခွိုင်း လေယာဉ်ကုမ္ပဏီတို့သည် အဆိုပါ စစ်လက်နက် အရောင်း အဝယ်စာချုပ်ကို ၂၀၁၉ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်လက်နက်ပြပွဲ အတောအတွင်း လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ဒုတိယဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကို တားစ် သတင်း အေဂျင်စီက ကိုးကားဖော်ပြ ထားသည်။
ယခုအခါ ဆူခွိုင်းကုမ္ပဏီသည် သဘောတူစာချုပ် ပြီးပြည့်စုံနိုင်ရေးအတွက် ဆူခွိုင်းဂျက်တိုက်လေယာဉ် အလုံးအရင်း ထုတ်လုပ်မှုကို စတင်နေပြီဖြစ်ကြောင်း တားစ် သတင်းအေဂျင်စီက ထပ်မံဖော်ပြထားသည်။
T-50 ဟု လူသိများသည့် ရုရှား၏ ပဉမမျိုးဆက် Su-57 ဂျက်တိုက်လေယာဉ်သည် အင်ဂျင်စက် နှစ်လုံး ဖြင့် မောင်းနှင်ရသော အဆင့်မြင့် ဂျက်တိုက်လေယာဉ် ဖြစ်သည်။
ရုရှား၏ Su-57 ဂျက်တိုက်လေယာဉ်သည် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက ပထမအကြိမ် ပျံသန်းခဲ့ပြီး မျိုး ဆက်သစ် အင်ဂျင်စက်နှင့်အတူ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လတွင် ပထမအကြိမ် အစမ်းပျံသန်းမှုကို အပြီးသတ်ခဲ့ ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ

No comments:

Post a Comment