Thursday, August 8, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 1 person, sitting and indoor
နေပြည်တော် ဩဂုတ် ၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး Dr.Khalid Hussain Memon အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် မိတ်ဆွေနိုင်ငံများ ဖြစ်ကြပြီး ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံတပ်မတော်ချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာများနှင့် အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေ အနေ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသအ လိုက် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစွာ ရှုမြင်နေ ကြသည့်အပေါ် အခြေအနေမှန်များကို နိုင်ငံတကာက သိရှိအောင် ကျယ်ပြန့် စွာ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးအခြေ အနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
သတင်းစဉ်

No comments:

Post a Comment