Saturday, August 3, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့မှ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ

No photo description available.

ရန်ကုန် ဩဂုတ် ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး စာတည်းအဖွဲ့ဝင် များနှင့် တွေ့ဆုံသည်။
တိုးတက်ကောင်းမွန်
ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်းရှိ မြန်မာ့ အလင်းသတင်းစာတိုက်သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများက ရန်ကုန်၊ နေပြည်တော်ရှိ ဝန်ထမ်းအင်အားအခြေအနေ၊ လက်ရှိသတင်းစာစောင်ရေ နှင့် သတင်းစာများတွင် ကဏ္ဍစုံလင်စွာပါရှိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ ပြီး ပြည်ထောင်စုဝန်ကြီးက သတင်းစာအရည်အသွေး တိုးတက်ကောင်းမွန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာတည်းခန်း နှင့် ပုံနှိပ်စက်ခန်းတို့ကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲလေးထပ်တိုက် အဆောက်အအုံတည်ဆောက် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်း မြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငါးထပ်ကြီး ဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဖိုတို လစ်သိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်နေမှု၊ စက္ကူသိုလှောင်ရုံ၊ ပုံနှိပ်စက်ခန်းနှင့် စာအုပ် ချုပ်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်၌ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
သတင်းစာတိုက်များမှ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သတင်းစာများတွင် စာဖတ်ပရိသတ်များ စိတ်ဝင်စားသည့်၊ စာဖတ်ပရိသတ် များ နှစ်သက်သည့် အကြောင်းအရာများ ပိုမိုဖော်ပြနိုင်ရေး၊ Content ပိုင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး၊ အရည်အသွေးရှိသည့် ကာတွန်း၊ ဆောင်းပါး၊ သတင်းများ ပိုမိုဖော်ပြနိုင်ရေး၊ စီမံခန့်ခွဲမှုများ စနစ်တကျရှိစေရေးနှင့် စာမူခထုတ်ပေးမှု၊ စာမူများ စုဆောင်းမှု၊ စာမူရှင်များနှင့် ဆက်သွယ်မှု၊ ဆက်ဆံမှု ကောင်းမွန်အဆင်ပြေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment