Saturday, August 3, 2019

မြန်မာ-အီတလီ နှစ်နိုင်ငံ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး

Image may contain: 6 people, people smiling, people standing and indoor
နေပြည်တော် ဩဂုတ် ၂
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ရေစီမံခန့်ခွဲခြင်းနှင့် စက်မှုလယ်ယာဖွံ့ဖြိုးရေးအတွက် မြန်မာ-အီတလီနှစ်နိုင်ငံ အကြား လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အီတလီနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး Mrs. Alessandra Schiavo တို့က လက်မှတ်ရေးထိုး ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအရ လယ်ယာကဏ္ဍတွင် ဆည်မြောင်းရေသွင်းခြင်း နည်းပညာများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ် ရွှေလှံဗိုလ်မြစ်ရေတင်နှင့် မြေအောက်ရေလုပ်ငန်း ဆိုင်ရာသင်တန်းကျောင်းတွင် ဆည်မြောင်းဆိုင်ရာ နည်းပညာစင်တာတည်ထောင်ခြင်း၊ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ အမှတ်(၆၁) စက်မှုလယ်ယာစခန်းတွင် စက်မှုလယ်ယာဆိုင်ရာ နည်းပညာစင်တာ တည်ထောင် ခြင်းတို့တွင် အီတလီနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် စီမံကိန်းကာလ သုံးနှစ်တာအတွင်း ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment