Monday, August 26, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဝင်္ဂဘော်ဆင်စခန်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းများစစ်ဆေး



နေပြည်တော် ဩဂုတ် ၂၅





သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အနောက် မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ ကန်တော်ကြီးကြိုးပြင်ကာကွယ်တော ဧက ၁၃၁၀ တွင် ရေဝေရေလဲဒေသအတွင်း ပရဆေးဥယျာဉ်နှင့် သစ်မျိုးစုံစိုက်ခင်းတည်ထောင်ရန် ဆောင်ရွက်နေမှု၊ ကြိုးပြင်ကာကွယ်တော နယ်နိမိတ်တစ်လျှောက် ခြံစည်းရိုးကာရံ ခြင်းနှင့် မြေအသုံးချမည့် အစီအစဉ်များအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ မဇင်း သမဝါယမအသင်း၏ သစ်အခြေခံ လက်မှုအချောထည်ပစ္စည်းများ ထုတ်လုပ် သည့်အလုပ်ရုံသို့ ရောက်ရှိရာ အသင်းနှင့် Asia Craft Link ကုမ္ပဏီတို့မှ တာဝန် ရှိသူများက ဒီဇိုင်းရေးဆွဲခြင်း အတတ် ပညာအပါအဝင် သစ်အခြေခံအချော ထည် လက်မှုပစ္စည်းများ ပြုလုပ်သည့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သင်တန်းမှ အရည်အသွေးပြည့်၀သည့် အချောထည် လက်ရာများကို ပြည်ပသို့တင်ပို့ရောင်းချ ရန် ဈေးကွက်ရရှိနေမှုနှင့် ကုန်ကြမ်း သစ်လိုအပ်ချက်များအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သော သစ်ကုန်ကြမ်းများရရှိရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ အား ရှင်းလင်းပြောကြားပြီး သင်တန်း ကျောင်းခန်းမအတွင်း ပြသထားသော အချောထည်ပစ္စည်း နမူနာများအား လည်းကောင်း၊ အချောထည်ပစ္စည်း ထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများ အားလည်းကောင်း လှည့်လည်ကြည့်ရှု ခဲ့ပြီး အသင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့ အောင်မြေသာ ရပ်ကွက်ရှိ ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ရောက်ရှိပြီး ရုံးဝင်းအတွင်းရှိ ဆောက်လုပ်ဆဲရုံးအား စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် ဘုရား ကလေးကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်း (လမ်းဟောင်း) မိုင်တိုင်အမှတ် (၆၄/၄) အနီး မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်နှင့် သစ်စက်ဌာန၊ အမှတ်(၃၃)သို့ ရောက်ရှိရာ တာဝန်ရှိသူ များက စက်ရုံသမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ၊ ဝန်ထမ်းအင်အား၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ Solid Teak Myanmar ကုမ္ပဏီ၏ ပုဂ္ဂလိက သစ်များအား န၀လီစနစ်ဖြင့် လက်ခံ ခွဲစိတ်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သစ်ခွဲသားများ သိုလှောင်ထားရှိမှုနှင့် သစ်လုံးများ ခွဲစိတ် နေမှုတို့အား လှည့်လည်စစ်ဆေးကြည့်ရှု ကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ်(၃၉)အနီး ဝင်္ဂဘော် ဆင်စခန်းသို့ရောက်ရှိရာ တာဝန်ရှိသူ များက ဆင်စခန်းအတွင်း အမိမဲ့ ဆင်ကလေးများ ပြုစုစောင့်ရှောက် ထားရှိမှု၊ ဆင်ပြတိုက်ဆောက်လုပ်နေမှု၊ ဆင်စခန်းခြံစည်းရိုးကာရံခြင်း ဆောင် ရွက်နေမှု၊ ဆင်စခန်းမှ အများပြည်သူသို့ ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စခန်းသို့ ပြည်တွင်း၊ ပြည်ပဧည့်သည်များ ဝင်ရောက်မှုအခြေအနေတို့အား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆင်စခန်းအတွင်း သန့်ရှင်းရေး၊ တစ်နှစ် ပတ်လုံး စိမ်းလန်းစိုပြည်သာယာရေး၊ လာရောက်လေ့လာသည့်သူများ အပန်း ပြေ အဆင်ပြေချောမွေ့စေရေး လိုအပ် သည်များကို ဖြည့်စွက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပြီး အမိမဲ့ဆင်ကလေး များအား နို့တိုက်ကျွေးခြင်းနှင့် ဆင်ပြ တိုက် တည်ဆောက်နေမှုတို့အား ကြည့်ရှု စစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ကိုးပင်-သာဂရကားလမ်း မိုင်တိုင် အမှတ်(၃၅/၃)အနီးရှိ ရေတာရှည် မြို့နယ်သစ်တောဦးစီးဌာန၏(၂/၂၀၁၇) စီးပွားရေးကျွန်းစိုက်ခင်းဧက ၁၅၀ ပြုစု ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ကိုးပင်-သာဂရကားလမ်း မိုင်တိုင် အမှတ်(၁၀/၁)အနီးရှိ ဖိုးကျားဆင်စခန်း သို့ရောက်ရှိရာ ဆင်ထိန်းသိမ်းစောင့် ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆင်စခန်းလျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများက တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ဖိုးကျားဆင်စခန်းအား အဆင့်မြှင့်တင်ရန်၊ လာရောက်အပန်းဖြေ လေ့လာသူများအား ဆွဲဆောင်မှုရှိစေရန် အတွက် တီထွင်ကြံဆဆောင်ရွက်ရန်၊ သက်တမ်း ၁၀၀ ကျော် ကျွန်းပင်ကြီး များအား စနစ်တကျထိန်းသိမ်းစောင့် ရှောက်ရန်နှင့် ဆင်စခန်းလျှပ်စစ်မီး အမြန် ရရှိရေးအတွက် လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment