Monday, August 26, 2019

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း တတိယအကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်




နေပြည်တော် ဩဂုတ် ၂၅ 



ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ နိုင်ငံ့ဝန်ထမ်းကော်မရှင်ရုံး (Office of the Civil Service Commission-OCSC)၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အစည်းအဝေး၌ ဖိလစ်ပိုင်သမ္မတ နိုင်ငံတွင် ၂၀၁၇ ခုနှစ် ဧပြီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၃၀) မြောက် အာဆီယံထိပ်သီးညီလာခံ တွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့် ''ASEAN Declaration on the Role of Civil Service as a Catalyst for Achie-ving ASEAN Community Vision 2025” ကြေညာစာတမ်းပါ လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နည်းဗျူဟာများချမှတ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မည့် နည်းလမ်းများအား ဆွေးနွေးညှိနှိုင်းခြင်း၊ အာဆီယံနိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) [ACCSM Work plan (2021-2025)] ရေးဆွဲထားရှိမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဧပြီလ၌ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ကြိုတင်ပြင်ဆင်မှု အစည်းအဝေး နှင့် အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးတို့တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သုံးသပ် ဆွေးနွေးခြင်း၊ ထိုင်းနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၌ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာဆီယံနိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး၊ ပဉမအကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်း အဝေးတွင် ဆောင်ရွက်အကောင်အထည် ဖော်မည့်လုပ်ငန်းစဉ်များအပေါ် ဆွေးနွေး ခြင်း၊ အာဆီယံနိုင်ငံ့ဝန်ထမ်းသင်တန်း ကျောင်းများ ကွန်ရက်တည်ထောင်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ဆွေးနွေးခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် တည်ထောင်ထားရှိ သည့် အာဆီယံလူ့စွမ်းအားဗဟိုဌာနများ ၏ ပဓာနအာဘော်(Theme) အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ အပေါ် ဆွေးနွေးခြင်းတို့ကို လည်းကောင်း ဆောင်ရွက်ခဲ့သည်။
အလားတူ Dialogue Partners နှင့် Sectoral Bodies များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊ ဩစတြေးလျပြည်သူ့န်ထမ်းကော်မရှင်၏ ကော်မရှင်နာက ပြည်သူ့ အုပ်ချုပ်မှုကဏ္ဍမှ ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုအလားအလာများကို ရင်ဆိုင် ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဖလှယ်ခြင်းနှင့် လေ့ကျင့်သင်တန်းပေး ခြင်း ကိစ္စရပ်များအပေါ် အတွေ့အကြုံ များ ဖလှယ်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၌ တည်ထောင်ထားရှိသည့် အာဆီယံ လှူစွမ်းအားဗဟိုဌာနများ၏ ဆောင်ရွက် မှုများမှတစ်ဆင့် အသိပညာမျှဝေမှု ကွန်ရက်များ ခိုင်မာအားကောင်းလာ စေရေး၊ ''ဒစ်ဂျစ်တယ်စီးပွားရေးခေတ်နှင့် အညီ တက်ကြွဖျတ်လတ်သော နိုင်ငံ့ ဝန်ထမ်းများ ပေါ်ထွက်လာစေရေးအတွက် အခြားဆက်စပ် ပါဝင်သူများအားလုံး ပူးပေါင်း၍ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်စေရေး ရည်မှန်းဆောင်ရွက်မည့် ဒစ်ဂျစ်တယ် စီးပွားရေးခေတ်နှင့်အညီ တက်ကြွ ဖျတ်လတ်သော နိုင်ငံ့ဝန်ထမ်းကဏ္ဍဖြစ်ပေါ်လာစေရေး အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာချက် (ASEAN Statement on Promotion of Good Governance and Acce-leration of an Agile Civil Ser-vice in a Digital Economy)” ကို အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခြင်းတို့ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ခရီးစဉ်တွင် အာဆီယံနိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများက ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံသို့ သွားရောက်တွေ့ဆုံဂါရ၀ပြုနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment