Monday, August 26, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ထာ၀ရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ပြီးစီးမှုအခြေအနေ ကြည့်ရှုစစ်ဆေး



နေပြည်တော် ဩဂုတ် ၂၅




ထာ၀ရငြိမ်းချမ်းရေးစေတီတော်တည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသော ထာ၀ရငြိမ်းချမ်းရေးစေတီတော် တည်ဆောက် ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စေတီတော်ကြီးနှင့် ရင်ပြင်တော်၊ အာရုံခံတန်ဆောင်းများ တည်ထားဆောက်လုပ်နေမှုနှင့် ပတ် သက်၍ စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက လည်းကောင်း၊ စေတီတော်ကြီး၏ မြန်မာမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ စံထိပ်တန်း ကုမ္ပဏီမှ တာဝန်ရှိသူက လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စေတီတော်ကြီး၏ စကျင်ကျောက်လုပ်ငန်းဆိုင်ရာ အစီအစဉ် များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု နှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် အခြေ အနေများကိုMore CNC ကုမ္ပဏီမှ တာဝန်ရှိသူများက လည်းကောင်း၊ (၁၅၂_၆၄)ပေ သာသနာ့ဗိမာန် တည် ဆောက်ခြင်း၊ ယာဉ်ရပ်နားစခန်း တည် ဆောက်ခြင်း၊ မဟာရံတံတိုင်းကာရံခြင်းနှင့်ဆက်စပ်လုပ်ငန်းများနှင့်ပတ်သက်၍ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို တက်လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ထာ၀ရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက စေတီတော်ကြီးသည် ခုနစ်ရက် သားသမီးအပေါင်းမှ ထည့်ဝင်လှူဒါန်း သည့်အလှူငွေဖြင့် တည်ဆောက်လျက် ရှိသည့်အတွက် စနစ်တကျကောင်းမွန် အောင် ဆောင်ရွက်ရန်၊ စေတီတော် တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး စေရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment