Wednesday, August 28, 2019

ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သတင်းမီဒီယာအဖွဲ့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအား ကြည့်ရှုလေ့လာ



Image may contain: 3 people, people sitting, table and indoor
စစ်တွေ ဩဂုတ် ၂၇



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama တို့သည် ဂျပန်သတင်း မီဒီယာအဖွဲ့နှင့်အတူ ယနေ့နံနက်ပိုင်း က မောင်တောမြို့သို့ ရောက်ရှိကြပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း UEHRD အစီအစဉ်ဖြင့် မိမိဆန္ဒ အလျောက် တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာခဲ့သည့် နေရပ်စွန့်ခွာသူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဩဂုတ် ၂၂ ရက်တွင် နေရပ် စွန့်ခွာသူများ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြောင်းကြားလာသည့်အတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက အသင့်စောင့်ဆိုင်းခဲ့သော်လည်း ပြန် လည် ဝင်ရောက်လာခဲ့ခြင်းမရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးက မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာကြသည့် နေရပ် စွန့်ခွာသူများ၏ အခက်အခဲ၊ လိုအပ်သည့် အကူအညီများ၊ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာသူများ ၏ အခြေအနေများကို သိရှိလိုပါကြောင်း၊ ဂျပန်အစိုးရအနေဖြင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးသွားရန် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် နေရပ် စွန့်ခွာသူများက မိမိတို့ ပြန်လည် ဝင်ရောက်လာမှုကို မြန်မာနိုင်ငံက လက်ခံ ပေးသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်း သည် လုံခြုံမှုမရှိကြောင်း၊ တစ်ဖက်နိုင်ငံ တွင်ကျန်ခဲ့သည့် မိမိတို့၏ မိသားစုဝင်များ နှင့် ဆွေမျိုးများသည် ပြန်လာချင်သော် လည်း ARSA အကြမ်းဖက်အဖွဲ့၏ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုများကို ခံနေရကြောင်း၊ မိမိတို့ မောင်တောဒေသ သို့ ပြန်လည်ဝင်ရောက်ရာတွင်လည်း ARSA အကြမ်းဖက်အဖွဲ့များ မသိ အောင် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အလုပ်အကိုင်အခွင့်အလမ်း အခက် အခဲရှိသည့်အတွက် နေထိုင်စားသောက် ရေးကိစ္စရပ်များတွင် အခက်အခဲဖြစ်ပေါ် နေကြောင်း၊ ပြန်လည်နေရာချထားရာ တွင် မူလလုပ်ကိုင်စားသောက်ခဲ့သည့် နေရာနှင့် အနီးစပ်ဆုံးတွင် ချထားပေး စေလိုကြောင်းနှင့် ကလေးငယ်များ၏ ပညာသင်ကြားရေး၊ ကျန်းမာရေးစောင့် ရှောက်မှုနှင့် ရိက္ခာရရှိရေးကိစ္စရပ်များကို တင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး နှင့် ဂျပန်သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းသို့ ရောက်ရှိကြပြီး နေရပ်စွန့်ခွာ သူများအား ပြန်လည်စိစစ်လက်ခံရန် အသင့်ဖြစ်နေမှု၊ စတင်ဝင်ရောက်မည့် ဂိတ်၊ စခန်းအတွင်း စိစစ်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လုံခြုံရေးဆောင်ရွက် သွားမည့် အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ အထောက်အပံ့များပေးနိုင်ရန် ဆောင် ရွက်ထားမှုအခြေအနေများကို လှည့်လည် ကြည့်ရှုပြီး တာဝန်ထမ်းဆောင်နေကြ သည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း များကို အားပေးစကား ပြောကြားသည်။
ထို့နောက် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိကြပြီး နေရပ်စွန့်ခွာသူများ နေထိုင်ရန်အတွက် အသင့်ဖြစ်နေသည့်Modular House များ၊ Assemble Board House များ၊ သောက်သုံးရေ၊ မိလ္လာနှင့် ဆေးခန်းများ တည်ဆောက် တပ်ဆင်ထားမှုများကို ကြည့်ရှုကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး၊ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သတင်း မီဒီယာအဖွဲ့သည် တပ်မတော်ရဟတ် ယာဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လည်ရောက် ရှိကြသည်။
ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သတင်းမီဒီယာအဖွဲ့၏ မောင်တော ခရီးစဉ်တွင် ရခိုင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး တာဝန် ရှိသူများက ဂျပန်သတင်း မီဒီယာအဖွဲ့၏ သိရှိလိုသောမေးခွန်းများကို ပြန်လည်ဖြေ ကြားခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment