Saturday, August 3, 2019

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 2 people, people sitting and indoor

နေပြည်တော် ဩဂုတ် ၂
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့ကျင်းပသည့် အစည်းအဝေးသည် လာမည့် စက်တင်ဘာ ၁၅ ရက်တွင် ပြုလုပ်မည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားကို လွှတ်တော်များအနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၉)ကြိမ်မြောက်သို့ ရောက် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်ကျင်းပမည့် ဒီမိုကရေစီနေ့ အခမ်းအနားကို အနှစ်သာရရှိရှိ စည်ကားစွာကျင်းပသွားရန် မိမိတို့ ရည်ရွယ်ထားပါကြောင်း၊ ယခုနှစ်သည် Inter-Parliamentary Union (IPU)၏ နှစ်(၁၃၀) ပြည့်နှင့် တိုက်ဆိုင်နေသည့်အတွက် အထိမ်းအမှတ်အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက ယခုနှစ်တွင် ထူးခြားသည်မှာ Inter-Parliamentary Union (IPU) ၏ နှစ်(၁၃၀)ပြည့် အစီအစဉ်ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည့် အတွက် ဒီမိုကရေစီနေ့အခမ်းအနားကို ယခင်နှစ်ထက် ပိုမိုပြီးစည်စည်ကားကားကျင်းပနိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရမည့် အချိန်ကာလနည်းသော် လည်း အချိန်တိုအတွင်း အောင်အောင်မြင်မြင် လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ လွှတ်တော်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင် မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အစီအစဉ်များ
ထို့နောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်း ဟိန်၊ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့က ဒီမိုကရေစီနေ့ ကျင်းပရေးအတွက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် ဒီမိုကရေစီနေ့ ကျင်းပရေးဦးစီးကော် မတီအတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြား ရေးမှူးချုပ် ဦးကျော်စိုးက ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆွေးနွေးကြ
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက် မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယကက သုံးသပ်ဆွေးနွေးပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ် ချက်များကို ဖြည့်ဆည်းပေးကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်

No comments:

Post a Comment