Wednesday, August 21, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ထိုင်းနိုင်ငံ အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ(၁)အား လက်ခံတွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဆွေးနွေး





Image may contain: 2 people, people smiling, people standing, suit and indoor
နေပြည်တော် ဩဂုတ် ၂၀




ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ(၁)Mr. Suchart Tonjaroen အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားနိုင် ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေမှူး ဦးဘိုဘိုဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment