Wednesday, August 21, 2019

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ(၁)နှင့် တွေ့ဆုံ





Image may contain: 3 people, people sitting, child and indoor
နေပြည်တော် ဩဂုတ် ၂၀



ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ(၁) Mr. Suchart Tonjaroen နှင့် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အဦ သဘင်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြားအစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူအချင်းချင်းချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက် နိုင်ရေး၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အတွင်း သဘာ၀ဘေးကျရောက်လျက် ရှိသည့် ဒေသများနှင့် မြန်မာအလုပ်သမား များအား ကူညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန်နှင့် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ(၁) Mr. Suchart Tonjaroen တို့သည် အဖွဲ့ဝင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ အောက် လွှတ်တော်ဒုတိယဥက္ကဋ္ဌ(၁)နှင့်အဖွဲ့သည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပနေမှုကို ဧည့်သည်တော်အဖြစ် တက်ရောက်လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ဧည့်သည် တော် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁)နှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ Aureum Palace Hotel ၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်

No comments:

Post a Comment