Wednesday, August 21, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံ






Image may contain: 3 people, people smiling, people sitting and indoor
နေပြည်တော် ဩဂုတ် ၂၀




စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ မွန်းလွဲ ၃ နာရီတွင် ဂျပန်နိုင်ငံ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုး ရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ ဂျပန်နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စိုက်ပျိုးရေးသွင်းအားစုမြေဩဇာ ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရေးကောင်းမွန်တိုးတက်စေ သည့် မဟာဗျူဟာများ၊ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ချမှတ် ဆောင်ရွက် နေမှုကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment