Monday, August 26, 2019

မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း၏ (၅) ကြိမ်မြောက် စဉ်ဆက်မပြတ်ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာစာတမ်းဖတ်ပွဲကျင်းပ




Image may contain: one or more people
ရန်ကုန် ဩဂုတ် ၂၅




မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ ပညာရှင်အသင်း၏ (၅) ကြိမ်မြောက် စဉ်ဆက်မပြတ်ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ နည်းပညာစာတမ်းဖတ်ပွဲကို ယနေ့နံနက် ပိုင်းတွင်Myanmar Convention Center (ရန်ကုန်)၌ ကျင်းပသည်။
သုတေသနလုပ်ငန်းများ ဆောင်ရွက်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးကုသ မှုပေးအပ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ ပညာရပ်သည် ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင် အခြား ဆေးပညာဘာသာရပ်များနှင့် တန်းတူ အရေးကြီးကြောင်း၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ၏ တိကျမှန်ကန် သော ရောဂါစစ်ဆေးမှု အဖြေရှာမှု မပါဝင်ဘဲ အရည်အသွေးပြည့်၀သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၍မရနိုင်ကြောင်း၊ ယခုအခါ က္ဘာတစ်ဝန်းတွင် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာရပ်များသည် အလျင် အမြန်ပင် တိုးတက်လျက်ရှိရာ မြန်မာ နိုင်ငံအနေဖြင့်လည်း နောက်ကျကျန်ရစ် ခြင်းမရှိစေရန် ကြိုးစားဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်း ပညာရပ်ဆိုင်ရာ သုတေ သနလုပ်ငန်းများကိုလည်း ပိုမိုဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေ ဖြင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာ ငွေများ သိသာများပြားစွာ တိုးမြှင့် ပေးအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့် သင်တန်းများကိုလည်း ပုံမှန်ပြုလုပ်ပေးအပ်လျက်ရှိပါကြောင်း။
ကျင့်ဝတ်သိက္ခာများလိုက်နာကျင့်သုံး
၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင် အသင်းသည် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများစွာရှိပြီး အာဆီယံ ဓာတ်ခွဲပညာရှင်များအသင်း (ASEAN association for clinical la-boratory sciences) ၏ ၂၀၂၂ ခုနှစ် တွင် ကျင်းပမည့် (၁၈)ကြိမ်မြောက် အစည်းအဝေးကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည် ဖြစ်ကြောင်း သိရှိရသဖြင့် ကောင်းမွန်ပါကြောင်း၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ အနေဖြင့် ကျင့်ဝတ်သိက္ခာများကို မြဲမြံစွာလိုက်နာကျင့်သုံး၍ လုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုပေးရန်
အသင်း၏ ရည်ရွယ်ချက်များတွင် ပါဝင်သည့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ ပညာရှင်များအချင်းချင်း စည်းလုံး ညီညွတ်ရန်၊ ဓာတ်ခွဲပညာရပ်များနှင့် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ တတ်ကျွမ်းသော ပညာရပ်ဖြင့် ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးအပ်ရန်အချက် များသည် ကောင်းမွန်ပြီး အသင်းဝင်များ အနေဖြင့် ရည်ရွယ်ချက်များနှင့်အညီ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရပ် နှင့် အသင်းကြီး ဘက်စုံတိုးတက် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေ ရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆေး ကောင်စီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန)ဒေါက်တာဌေးဌေး တင်နှင့် မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးမောင်မောင် တို့က အမှာစကားပြောကြားကြသည်။
သုတေသနစာတမ်းများ ဖတ်ကြား
ဆက်လက်၍ ဓာတ်ခွဲပညာရှင် များနှင့် သုတေသနပညာရှင်များက သုတေသနစာတမ်းများ ဖတ်ကြားခြင်း၊ ပညာရပ်ဆိုင်ရာ တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment