Tuesday, August 27, 2019

ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှ လှူဒါန်းသည့် ရေအိမ်နှင့် စင်္ကြံလျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ




Image may contain: 12 people, people smiling, people standing
ရန်ကုန် ဩဂုတ် ၂၆




ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့် ခြင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှ လှူဒါန်း သည့် ရေအိမ်နှင့် စင်္ကြံလျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်း က ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယòန်ကြားရေးမှူး ချုပ် ဒေါ်ခင်မာဆွေ၊ ကျောင်းကုန်း ဆိပ်ကြီး အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်တို့က ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် သန့်စင်မေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးနေအုပ်တို့က ရေအိမ်နှင့် စင်္ကြံလျှောက်လမ်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်း ကြီးက အခြေခံပညာအထက်တန်း ကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ပြု ရန်အတွက် ပညာရေးဝန်ကြီးဌာန၏သတ်မှတ်မူဖြစ်သည့် အခြေခံပညာ အထက်တန်း Grade-10 နှင့် Grade- 11 တက်ရောက်သည့် ကျောင်းသား ဦးရေ ၂၀၀ ပြည့်ရမည် ဖြစ်ပါကြောင်း၊ အနီးဆုံး အခြေခံပညာအထက်တန်း ကျောင်းနှင့် ၁၀ မိုင် ကွာဝေးရမည် ဖြစ်ပါကြောင်း၊ ယခု အဆင့်တိုးမြှင့်သည့် ကျောင်းသည် ကျောင်းသား ကျောင်းသူ ၂၆၈ ဦးရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီ သည့်အတွက် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းကုန်းဆိပ်ကြီးတွင် နေထိုင်သူ အိမ်ခြေ ၁၀၁၄ အိမ် ကျောင်းသား ကျောင်းသူ ၁၃၂၈ ဦးရှိ၍ ရပ်ရွာအနေဖြင့် ပညာရေးကို အားပေးပြီး ကျောင်းနေ အရွယ်ကလေးများ ကျောင်းတက် စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ အနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သည်ကို တွေ့ရှိ ရသည့်အတွက် အားရဝမ်းသာဖြစ်မိ ပါကြောင်း၊ အလှူရှင်များအနေဖြင့် ကျောင်းသား ကျောင်းသူ ကလေးငယ် များ ကျန်းမာစွာ ပညာသင်ယူခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်း ၏ အနေအထားအရ လိုအပ်နေသည့် သန့်စင်ခန်းများနှင့် စင်္ကြံလျှောက်လမ်း ကို လှူဒါန်းဆောက်လုပ်ပေးသည့် အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သန့်စင်မေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးနေအုပ်က လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ဆန်းမော်က ကျေးဇူး တင်စကား ပြောကြားသည်။
အထိမ်းအမှတ်အလံများ ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိ သူများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်က ကျောင်းအဆင့် တိုးမြှင့်ခြင်း အထိမ်းအမှတ်အလံများ ပေးအပ်သည်။
ထို့နောက် အေးမေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးက သန့်စင်မေတ္တာအဖွဲ့ ဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ပြီး သန့်စင်မေတ္တာအဖွဲ့မှ ဒေါက်တာ ရွှေလွှမ်းက အလှူရှင်များကို ကျေးဇူးတင် လွှာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment