Tuesday, August 6, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ


Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဩဂုတ် ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ကရင် အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)မှ စောနေစိုးမြနှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ တပ်ဖွဲ့ဝင် များ၏ စားဝတ်နေရေး၊ လူမှုရေးနှင့် ပညာရေးဖြည့်ဆည်း ပေးနိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အကူအညီ များ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးကြသည်။
သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီဆောင်ရွက်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ရေးထိုး၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကရင် အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)မှ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစုများ၏ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဥပဒေလုပ်ထုံး လုပ်နည်းများ၊ နိုင်ငံတကာနှင့်ဒေသတွင်း အဖွဲ့အစည်းများ ၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ရေယာဉ်သုံးစင်း အသစ်တည်ဆောက်ခွင့်ပြု
အဆိုပါ တပ်ဖွဲ့ဝင်မိသားစုများ၏ စားဝတ်နေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် တည်ဆဲမြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ နှင့်အညီ တရွတ်ဆွဲသံခွံငါးဖမ်းရေယာဉ် သုံးစင်းအသစ် တည်ဆောက်ခွင့်ပြုပေးခဲ့ပြီး ကော့ကရိတ်မြို့နယ်ရှိ ဝိဇ္ဇာကုန်းကျေးရွာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သန်း ၃၀ နှုန်းဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ ထူထောင်ခြင်း၊ နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် မေထုန်မဲ့သားစပ်လုပ်ငန်းအတွက် နို့စားနွားအေးခဲမျိုး ရေခဲချောင်း ၁၃၅ ချောင်း၊ အသားစားနွားအေးခဲမျိုးရေခဲ ချောင်း ၁၀ ချောင်းနှင့် ခိုင်းနွား အေးခဲမျိုးရေခဲချောင်း ၁၃၅ ချောင်းတို့ကို ဖြန့်ဖြူးပေးခဲ့သည်။
ထောက်ပံ့ရန်ပုံငွေကျပ်သန်း ၅၀၀ ခွင့်ပြု
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ငြိမ်းချမ်းရေးအရ ပြန်လည်ဝင်ရောက်လာကြမည့် အိမ်ထောင်စုများအတွက် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင် ရန် ကရင်ပြည်နယ်အစိုးရက ထောက်ပံ့ရန်ပုံငွေကျပ်သန်း ၅၀၀ ခွင့်ပြုထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင် ရန် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ နည်းပညာအကူအညီများ နှင့်ငါးသားပေါက်များ ဖြန့်ဖြူးကူညီပေးသွားမည်ဖြစ် ကြောင်းနှင့် မြေယာအသုံးချခြင်း ဆိုင်ရာအတွက် တည်ဆဲ ဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment