Tuesday, August 6, 2019

ပြန်/ဆက်ဝန်ထမ်းများအတွက် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်

Image may contain: 2 people, indoor
နေပြည်တော် ဩဂုတ် ၅
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း၌ ကျင်းပ သည်။
စနစ်တကျဆန်းစစ်တတ်ရန် အရေးကြီး
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်နှင့် ပြည်သူများအကြား ပေါင်းစပ်ပေးခြင်းသည် ပြည်သူ့ဆက်ဆံရေးဖြစ်ပါကြောင်း၊ မဏ္ဍိုင် သုံးရပ်၏ ဆောင်ရွက်နေမှုများကို ပြည်သူသိအောင် ချပြရန်လိုအပ်သလို၊ ပြည်သူများ၏ အခြေအနေနှင့် ခံစားချက်များကို မဏ္ဍိုင်သုံးရပ်က သိရှိအောင်ဆောင်ရွက် ကြရန် လိုပါကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်တွင် ပြည်သူ အများစုမှာ သတင်းအချက်အလက်များကို လက်ကိုင်ဖုန်း များပေါ်တွင် အွန်လိုင်းမီဒီယာများမှ အဓိက ရှာဖွေဖတ်ရှု လာနေကြကြောင်း။
သို့သော် ပြည်သူအများစု၏ မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှု (media and information literacy) မှာ လွန်စွာအားနည်းနေသေး ကြောင်း၊ အွန်လိုင်းပေါ် တွင် ရေးနေကြသည့်မီဒီယာများနှင့် ယင်းတို့၏ရေးသားချက်များကို စနစ်တကျ ဆန်းစစ်တတ် ရန် အလွန်အရေးကြီးပါကြောင်း။
ယခုသင်တန်းတွင် သတင်းရေးသားခြင်း၊ သတင်း ထုတ်ပြန်ခြင်း၊ သတင်းအချက်အလက်များ ရှာဖွေ စုဆောင်းခြင်း၊ ဆန်းစစ်သိမ်းဆည်းခြင်း၊ မျှဝေခြင်း၊ မီဒီယာများကို ဆန်းစစ်လေ့လာအကဲဖြတ်ခြင်း စသည့် သတင်းမီဒီယာများဆိုင်ရာ ဗဟုသုတများအပြင် ရွေးကောက်ပွဲဆိုင်ရာ သိနားလည်မှု စသည့်အကြောင်း အရာများကို သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း။
ယခုသင်တန်းမှရရှိသည့် ဗဟုသုတများကို အခြား ဝန်ထမ်းများနှင့် ပြည်သူများကိုပါ စနစ်တကျ လက်ဆင့် ကမ်း မျှဝေနိုင်ရန်အရေးကြီးသဖြင့် အလေးအနက်ထား လေ့လာကြရန် အရေးကြီးပါကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ òန်ကြားရေးမှူးချုပ်၊ ဒုတိယòန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများမှ ခရိုင်ဦးစီးအဆင့်ရှိ သင်တန်းသား သင်တန်းသူ ၃၇ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment