Tuesday, August 27, 2019

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းစည်းဝေး



Image may contain: 6 people, people smiling, people sitting, table and indoor
နေပြည်တော် ဩဂုတ် ၂၆




၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉) ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များ ဆုံးဖြတ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုံခြုံရေး လုပ်ငန်းအစီအမံများ ဆောင်ရွက်ရာတွင် သဘာ၀ဘေးအန္တရာယ် များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက လုံခြုံရေးစီမံချက်ကို အခြေအနေအချိန်အခါအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်ပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment