Friday, July 12, 2019

၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း အာဖဂန်နစ္စတန်နိုင်ငံသို့ ဒုက္ခသည် နှစ်သိန်းကျော် ပြန်လည်ရောက်ရှိ
No photo description available.
ကဘူး ဇူလိုင် ၁၁
ပါကစ္စတန်နှင့် အီရန် စသည့် အိမ်နီးချင်းနိုင်ငံများ၌ စစ်ဘေးရှောင်လျက်ရှိသည့် အာဖဂန်ဒုက္ခသည်များသည် ဇန်နဝါရီလကစပြီး အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ရာ ယခုဆိုလျှင် စုစုပေါင်းအရေအတွက် ၂၄၅၄၀၅ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်း ဒုက္ခသည်အဖွဲ့၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။
အဆိုပါဒုက္ခသည်များအနက် အီရန်နိုင်ငံမှ ၂၃၃၆၁၉ ဦးနှင့် ပါကစ္စတန်နိုင်ငံမှ ၁၁၇၈၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ဇန်နဝါရီ ၁ ရက်ကစပြီး အီရန်နှင့် ပါကစ္စတန် နိုင်ငံများမှ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ထွက်ခွာ သည့် ဒုက္ခသည်များအား နိုင်ငံတကာရွှေ့ပြောင်းဒုက္ခသည် အဖွဲ့က ကူညီမှုများပေးလျက်ရှိသည်။
က္ဘာတစ်ဝန်းရှိ ဒုက္ခသည် လေးသန်းကျော်ရှိသည့် အနက် ၂၀၁၈ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများမှ အာဖဂန် နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည် ဦးရေသည် ၈၄၉၀ဝ၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ

No comments:

Post a Comment