Friday, July 12, 2019

အင်ဒိုနီးရှားနိုင်ငံရှိ ဘာတမ်နှင့် ဘင်တန်ကျွန်းများကို ဆက်သွယ်မည့်ပင်လယ်ဖြတ်တံတားတစ်စင်း တည်ဆောက် မည်
No photo description available.
ဂျကာတာ ဇူလိုင် ၁၁
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် အရှည် လျားဆုံး ပင်လယ်ဖြတ်တံတားတစ်စင်း ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်တည် ဆောက်မည်ဖြစ်ကြောင်း၊ ယင်း တံတားသည် စင်ကာပူနိုင်ငံအနီးရှိ အင်ဒိုနီးရှားနိုင်ငံပိုင် ကျွန်းနှစ်ကျွန်းကို ဆက်သွယ်ပေးမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ၏ အချက်အချာဖြစ်သည့် အိမ်နီးချင်း စင်ကာပူနိုင်ငံအနီး၌ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု များ မြင့်တက်ရန်ရည်မှန်းချက်ဖြင့် ယင်းတံတားကို တည်ဆောက်ခြင်း ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
အဆိုပါ တံတားသည် အလျား ၇ ဒသမ ၃၅ ကီလိုမီတာ ရှည်လျားပြီး ဘာတမ်နှင့် ဘင်တန်ကျွန်းတို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ယင်း တံတားကို တည်ဆောက်ရေးလုပ်ငန်း အဆင့်သုံးဆင့်ဖြင့် တည်ဆောက် သွားမည်ဟု အင်ဒိုနီးရှားအစိုးရအဖွဲ့ အတွင်းဝန်ရုံးမှ ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
တံတား တည်ဆောက်မှုကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ရန် စီစဉ် ထားပြီး စီးပွားရေးဆိုင်ရာ တန်ဖိုးများ ကို အခြေခံထားကာ တည်ဆောက်မှု များ လုပ်ဆောင်သွားမည်ဟု အင်ဒိုနီးရှား အိုးအိမ်နှင့် ပြည်သူ့လုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး ဘာဆူကီဟာဒင် မူဂျိုနိုက ပြောကြားသည်။
တံတားတည်ဆောက်မှု ကုန်ကျ စရိတ်သည် အင်ဒိုနီးရှားနိုင်ငံသုံး ရူပီးငွေ လေးထရီလီယံ (အမေရိကန် ဒေါ်လာ ၃၈၄ သန်း) ဖြစ်ပြီး ယင်း တံတားကို တည်ဆောက်ရေးကာလ သုံးနှစ်မှ လေးနှစ်အတွင်း အပြီးသတ် နိုင်မည်ဟု သတင်းတွင် ဖော်ပြသည်။
အင်ဒိုနီးရှားအိုးအိမ်နှင့် ပြည်သူ့ လုပ်ငန်းဝန်ကြီးဌာနက တံတားတည် ဆောက်မှု စီမံကိန်းအတွက် ဖြစ်နိုင် စွမ်းရည် စူးစမ်းလေ့လာမှုများနှင့် တံတားပုံစံထုတ်လုပ်ရေး အင်ဂျင်နီယာလုပ်ငန်းများ လေ့လာမှုများကို ပြင်ဆင်လုပ် ဆောင်နေပြီး ယင်း လုပ်ငန်းများသည် ၂၀၁၉ ခုနှစ် အကုန်ပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့် ကြောင်း ဝန်ကြီး ဘာဆူကီက ပြောကြားသည်။
အိမ်နီးချင်း စင်ကာပူနိုင်ငံအနီးရှိ ဘာတမ်ကျွန်းကို ပင်လယ်ရေကြောင်း ဆိုင်ရာနှင့် ကုန်ထုတ်လုပ်ရေးစခန်း တစ်ခုအဖြစ် လုပ်ဆောင်သွားရန် အင်ဒိုနီးရှားအစိုးရက အစီအစဉ်များ ချမှတ်ထားသည်။ ယင်းအစီအစဉ်များ သည် ယင်းဒေသအတွင်း၌ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး အတွက် ဆွဲဆောင်မှုလည်းဖြစ်သည်။
ဆင်ဟွာ

No comments:

Post a Comment