Friday, July 12, 2019

ယန်ဇီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ သတိပေးချက်များ ထုတ်ပြန်
No photo description available.
နန်ချန်း ဇူလိုင် ၁၁
တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ် ယန်ဇီ မြစ်၏ အောက်ပိုင်းတွင်ရှိသော နိုင်ငံ ၏ အကြီးဆုံးရေချိုကန်ဖြစ်သည့် ပိုယန်းကန်၏ရေပြင်မှာ စိုးရိမ်ရေ မှတ်အထက် ရောက်ရှိနေကြောင်း ကျင်းဇီပြည်နယ်ရှိ မိုးလေဝသဌာနက ယနေ့ပြောကြားလိုက်သည်။
ပိုယန်းကန်ရေပြင်မှာ ယမန်နေ့က ၁၉ ဒသမ ဝ၇ မီတာထိ ရောက်ရှိခဲ့ပြီး စိုးရိမ်ရေမှတ်ထက် ဝ ဒသမ ဝ၇ မီတာ ပိုရောက်ရှိခဲ့ကြောင်း တိုင်းထွာချက် များအရ သိရသည်။ ဇူလိုင် ၆ ရက်နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျင်းဇီပြည်နယ်ရှိ မြစ်ပေါင်း ၂၉ စင်းမှာ စိုးရိမ်ရေမှတ် ထက်ကျော်လွန်ခဲ့သည်။ စီရင်စု ၅၉ ခုတွင် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ပြည်သူ ၂ ဒသမ ၈ သန်းကျော် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရကာ ပြည်သူ ၃၂၆၀ဝ၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
မိုးသက်မုန်တိုင်းမှာ လာမည့် စနေနေ့မှ အင်္ဂါနေ့အထိ ကျင်းဇီ ပြည်နယ်အတွင်း ဆက်လက်ရှိနေ မည်ဟု ပြည်နယ်မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ယန်ဇီမြစ်ကြောင်း အတွင်းရှိ မြစ်ရေမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ရေမှတ် ထက်မြင့်တက်မည်ဟု ယူဆရသော ကြောင့် မိုးသက်မုန်တိုင်းမှာ မြစ် အထက်ပိုင်းဒေသများ၌ သက်ရောက် မှုရှိမည်ဟု ရေအရင်းအမြစ်ဝန်ကြီးဌာန ယန်ဇီမြစ် ရေအရင်းအမြစ် ကော်မရှင်က သတိပေးခဲ့သည်။
အဆိုပါကော်မရှင်က အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တစ်ရပ်ကို စတင် လုပ်ဆောင်လိုက်ပြီး မြစ်ရေကြီးမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်း ကြီးကြပ်ရန် လုပ်ငန်းဆောင်ရွက် ရေးအဖွဲ့ခြောက်ဖွဲ့နှင့် ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ကျင်းဇီနှင့် ဟူနန်ပြည်နယ်များသို့ စေလွှတ်ခဲ့ သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး

No comments:

Post a Comment