Saturday, July 6, 2019

ကယ်လီဖိုးနီးယားပြည်နယ်တွင် အင်အားပြင်းငလျင် လှုပ်ခတ်
No photo description available.
လော့စ်အိန်ဂျလိစ် ဇူလိုင် ၅
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၌ အင်အား ၆ ဒသမ ၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၀ အနည်းဆုံး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါငလျင်သည် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် လော့စ်အိန်ဂျလိစ်မြို့ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၂၀ဝ အကွာအဝေးသို့ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည်။
ငလျင်လှုတ်ခတ်မှုကြောင့် ငလျင်ဗဟိုချက်နှင့် အနီးဝန်းကျင်မြို့ဖြစ်သည့် ရတ်ဂျီခရစ်မြို့တွင် မီးလောင်မှု များဖြစ်ပွားခဲ့ပြီး ဆေးရုံတစ်ရုံမှ လူနာများအား ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ထို့ပြင် အင်အားပျော့ငလျင်များ အဆက်မပြတ် လှုပ်ခတ်ခဲ့ခြင်းကြောင့် ရတ်ဂျီခရစ်မြို့တွင် အရေးပေါ် အခြေအနေ ကြေညာထားရသည်။
ရဲအရာရှိများနှင့် မြို့တော်တာဝန်ရှိသူများက အပျက် အစီးများ၏တန်ဖိုးကို တွက်ချက်နေဆဲဖြစ်သည်။
ငလျင်လှုပ်ခတ်မှုကြောင့် လော့စ်အိန်ဂျလိစ်မြို့အနီး ရေပိုက်လိုင်းများ ပျက်စီးခဲ့သည်။
သို့သော် လေယာဉ်ခရီးစဉ်များကိုတော့ ဖျက်သိမ်း ခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment