Saturday, July 6, 2019

ယခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား တစ်သန်းကျော် လာရောက်လည်ပတ်ခဲ့
Image may contain: one or more people, people standing, tree, grass, outdoor and nature
ကိုလံဘို ဇူလိုင် ၅
ယခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား တစ်သန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သီရိ လင်္ကာခရီးသွားလုပ်ငန်းမြှင့်တင်ရေးဗျူရို(SLTPB) ၏ တရားဝင်စာရင်းအင်းများအရ သိရသည်။
၅၇ ရာခိုင်နှုန်းကျဆင်း
ယခုနှစ် ဇွန်လအထိ သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၁၀ဝ၈၄၄၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့အနက် ကမ္ဘာလှည့်ခရီးသွား ၉၇၀ဝ၀ မှာ တရုတ် နိုင်ငံမှဖြစ်ကြောင်း (SLTPB) ကဆိုသည်။ သီရိလင်္ကာ ခရီးသွားလုပ်ငန်းအတွက် အဓိကဈေးကွက်များမှာ အိန္ဒိယ၊ သြစတြေးလျနှင့် မော်လ်ဒိုက်နိုင်ငံတို့ဖြစ်သည်။ ဧပြီလ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ပေါက်ကွဲမှုများကြောင့် ဇွန်လအတွင်း သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှုမှာ ယမန်နှစ် အလားတူကာလနှင့် ယှဉ်ကြည့် ပါက ၅၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
သို့သော်လည်း သီရိလင်္ကာနိုင်ငံမှာ သွားရောက် လည်ပတ်ရန် ဘေးအန္တရာယ်ကင်းသည်ဟူ၍ ကမ္ဘာ့နိုင်ငံ များက ခရီးသွားအကြံပြုချက်များပေးပြီး လုံခြုံရေးတပ်ဖွဲ့များ၏ အာမခံချက်များရရှိလျှင် ပြည်ပခရီးသွားများ လာရောက်မှုမြင့်တက်လာမည်ဟု အစိုးရက မျှော်လင့်လျက် ရှိသည်။ သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ် ငန်းအတွက် သိသာထင်ရှားသော အပြောင်းအလဲတစ်ရပ်ဖြစ်လာ စေရန် တရုတ်ခရီးသွားများ ပိုမိုလာရောက် လည်ပတ် စေရေးကြိုးပမ်းနေကြောင်း ယခုအပတ် အစောပိုင်းတွင် (SLTPB )က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဝန်ကြီး ဂျွန်အမရာတွန်ဂါ ဦးဆောင်သော သီရိလင်္ကာအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆိုင်ရာလှုပ်ရှားမှုများ အရှိန်မြှင့်တင်လုပ်ဆောင်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ကျော်ထိုက်စိုး

No comments:

Post a Comment