Saturday, July 6, 2019

ဂျီဘရော်လ်တာကမ်းလွန်တွင် အီရန်ရေနံတင်သင်္ဘောအား ဖမ်းဆီးထိန်းသိမ်း
No photo description available.
ဂျီဘရော်လ်တာ ဇူလိုင် ၅
ဗြိတိန်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်သည့် ဂျီဘရော်လ်တာ ဒေသကမ်းလွန်တွင် အီရန်နိုင်ငံမှ ဧရာမရေနံတင်သင်္ဘော တစ်စင်းကို အာဏာပိုင်များက ကြားဖြတ်ဟန့်တားခဲ့ ကြောင်း၊ ယင်းရေနံတင်သင်္ဘောသည် ဥရောပသမဂ္ဂ အဖွဲ့က ချမှတ်ထားသည့် တားမြစ်ဒဏ်ခတ်မှုများကို ချိုးဖောက်ကာ ဆီးရီးယားကို စက်သုံးဆီများ တင်ဆောင် လာသည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆင့်ခေါ်တွေ့ဆုံမှုဖြင့် တုံ့ပြန်
ယင်းရေနံတင်သင်္ဘောအား ဖမ်းဆီးထိန်းသိမ်းခဲ့မှု နှင့်ပတ်သက်၍ အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခြင်းဖြင့် တုံ့ပြန် ခဲ့သည်။ အဆိုပါ ရေနံတင်သင်္ဘောကို ဂျီဘရော်လ်တာ အာဏာပိုင်များက ထိန်းသိမ်းမှုပြုခဲ့ကြောင်း ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဗြိတိန်သံအမတ် ကြီးအား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ယင်းရေနံတင်သင်္ဘောအား ဂျီဘရော်လ်တာ အာဏာပိုင်များက ထိန်းသိမ်းခဲ့မှုနှင့်ပတ်သက်၍ အီရန် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားရာတွင် ယင်းအပြုအမူသည် တစ်မူထူးခြားမှုနှင့် ဖျက်လို ဖျက်ဆီး ဆန်သော လုပ်ရပ်ဖြစ်ပြီး ယင်းလုပ်ရပ် သည် ဒေသတွင်း$၌ တင်းမာမှုများ မြင့်တက်စေဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံ ရေနံတင်သင်္ဘောမှာ အီရန် နိုင်ငံက ပိုင်ဆိုင်ပြီး ပနားမားနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သင်္ဘောဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ရေနံထွက်ကုန်များ ဝယ်ယူမှုရပ်ဆိုင်း
အီရန်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ရေနံတင်ပို့ရောင်းချမှုအပေါ် အရေးယူဒဏ်ခတ်မှုများ ယခုနှစ် မေလအတွင်းက စတင်ချမှတ်ခဲ့သည်။ ဆီးရီးယား နိုင်ငံသည် အီရန်နိုင်ငံမှ ရေနံဝယ်ယူတင်သွင်းသည့် နိုင်ငံအနည်းစုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အမေရိကန် နိုင်ငံ၏ ယင်းဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ခြင်းကြောင့် က္ဘာပေါ်ရှိ နိုင်ငံအချို့မှာ အီရန်ထံမှ ရေနံထွက်ကုန် ပစ္စည်းများ ဝယ်ယူမှုကို ရပ်ဆိုင်းထားခဲ့ကြသည်ဟု လေ့လာသူများက ပြောကြားသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment