အမှိုက်သရိုက်များတင်ဆောင်လာသော ကွန်တိန်နာများအား ပိုင်ရှင်နိုင်ငံများသို့ အင်ဒိုနီးရှား ပြန်လည်ပေးပို့မည်

အရှေ့တောင်အာရှ နိုင်ငံများသို့ ရောက်ရှိလာသည့် ပလတ်စတစ် များအပါအဝင် အခြားအမှိုက်သရိုက် များအား ပိုင်ရှင်နိုင်ငံများသို့ ပြန်လည် တင်ပို့မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အင်ဒို နီးရှားအာဏာ ပိုင်များက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ ဒုတိယမြို့တော် ဖြစ်သည့် ဆူရာဘာရာရှိ ဆိပ်ကမ်းတစ်ခုတွင် အမှိုက်သရိုက်များသယ် ဆောင်လာသော ကွန်တိန်နာ ရှစ်လုံး အား ဖမ်းဆီးရမိခဲ့ပြီးနောက် အမှိုက် သရိုက် တန်ချိန် ၂၀ဝ ကျော်ကို သြစတြေးလျနိုင်ငံသို့ ပြန်လည်ပို့ ဆောင်မည်ဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
ထို့ပြင် စင်ကာပူနိုင်ငံအနီးရှိ ဆိပ် ကမ်းတစ်ခု၌ အမှိုက်သရိုက်များ သယ်ဆောင်လာသည့် ကွန်တိန်နာ ၄၉ လုံးအား အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီအပါအဝင် အခြားချမ်းသာသော ပိုင်ရှင်နိုင်ငံများသို့ ပြန်လည်ပို့ ဆောင်မည်ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။
ယင်းသို့ ကျန်းမာရေးထိခိုက်စေ သော အဆိပ်အတောက်ပစ္စည်းများ အပါအဝင် အမှိုက်သရိုက်များတင် ဆောင်လာသော ကွန်တိန်နာများ တင်ပို့မှုသည် အင်ဒိုနီးရှား၏ သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့မှု ဥပဒေကို ချိုးဖောက်ရာရောက်သည် ဟု အာဏာပိုင်များက ဆိုသည်။
မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များက ယင်းအမှိုက်သရိုက်များတင်ဆောင်လာသော ကွန်တိန်နာများ အား ချမ်းသာသောနိုင်ငံများသို့ ပြန်လည်ပို့ဆောင်သည့် အစီအစဉ်ကို မကြာမီအချိန်က စတင်လျက်ရှိသည်။
မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များက ယင်းအမှိုက်သရိုက်များတင်ဆောင်လာသော ကွန်တိန်နာများ အား ချမ်းသာသောနိုင်ငံများသို့ ပြန်လည်ပို့ဆောင်သည့် အစီအစဉ်ကို မကြာမီအချိန်က စတင်လျက်ရှိသည်။
တရုတ်နိုင်ငံက ပလတ်စတစ် အမှိုက်များ နိုင်ငံအတွင်းသို့ တင်သွင်း မှုကို ပိတ်ပင်ခဲ့သည့်အချိန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစပြီး အဆိုပါ အမှိုက်သရိုက်ပါ ကွန်တိန်နာများအား အရှေ့တောင်အာရှနိုင်ငံများသို့ တင် သွင်းမှု ပိုမိုများပြားလာခဲ့သည်။
အင်န်အိတ်ချ်ကေ
No comments:
Post a Comment