သမ္မတထရန့်အစိုးရအား ဝေဖန်ခဲ့သည့် ဗြိတိန်သံအမတ်ကြီး ရာထူးမှ နုတ်ထွက်

လန်ဒန် ဇူလိုင် ၁၀
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ကင်ဒါရော့ချ် သည် သမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့အား ဝေဖန် ပြောကြားခဲ့သည့် သူ၏ကြေးနန်းစာအချို့ ပေါက်ကြားခဲ့ပြီး နောက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ကင်ဒါရော့ချ် သည် သမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့အား ဝေဖန် ပြောကြားခဲ့သည့် သူ၏ကြေးနန်းစာအချို့ ပေါက်ကြားခဲ့ပြီး နောက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်ကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး အနည်းငယ် ထိခိုက်ခဲ့ရသည်။ဗြိတိန်သံအမတ်ကြီး၏ လန်ဒန်သို့ပေးပို့ခဲ့သည့် ကြေးနန်းစာထဲတွင် သမ္မတထရန့်ဦးဆောင်သော အစိုးရ အဖွဲ့သည် အခြေအနေအရပ်ရပ်ကို လိမ္မာပါးနပ်စွာ ကိုင် တွယ်နိုင်မှုမရှိဟု ရေးသားခဲ့ကြောင်း ဗြိတိန်သတင်းစာ တစ်စောင်က ဖော်ပြခဲ့ပြီးနောက် ဗြိတိန်သံအမတ်ကြီးက ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
သမ္မတထရန့်က သူ၏အစိုးရအဖွဲ့အား ယင်းသို့ ဝေဖန်ပြောကြားမှုအပေါ် ဗြိတိန်သံအမတ်ကြီးအား ထိပ် တိုက်ရင်ဆိုင်ဖြေရှင်းမည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်။ ထို့ပြင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကောင်းမွန်မှု ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိသည့် ဗြိတိန်သံအမတ် ကြီးအား အဆိုပါရာထူးတွင် ဆက်လက်ခန့်အပ်ထားသည့် ဝန်ကြီးချုပ် ထရီစာမေ၏ အစီအစဉ်ကိုလည်း ဝေဖန် ရှုတ်ချခဲ့သည်။
ဗြိတိန်သံအမတ်ကြီး ကင်ဒါရော့ချ်သည် ဇူလိုင် ၁၀ ရက်တွင် နုတ်ထွက်ခဲ့သည်။ လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများသည် ၎င်းအား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ခက်ခဲမှုများရှိလာခဲ့သည့်အတွက် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သံအမတ်ကြီး ကင်ဒါရော့ချ်က ဆိုသည်။
အေအက်ဖ်ပီ
No comments:
Post a Comment