အလုပ်အကိုင် အခွင့်အလမ်း ၅၃၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပသည်။ အစည်း အဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်ကိုးဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြား ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းစုစု ပေါင်းငါးခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၂၀ဝ သန်းနှင့် ကျပ်$ ၇၈၃၆ ဒသမ ဝ၆၆ သန်းရှိပြီး ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၅၃၅ နေရာကို ဖန်တီးပေးနိုင် မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလ ကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းပေါင်း ၁၇၂၅ ခု ရင်းနှီးမြှုပ် နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀၂၃၄ ဒသမ ၄၁၇ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့် များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။
နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေး ကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီး မြှုပ်နှံထားရှိမှုမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ ၂၇ ဒသမ ၉၄ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ ၂၆ ဒသမ ၄၀ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၃ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံ ထားရှိသည်။
သတင်းစဉ်
No comments:
Post a Comment