Saturday, July 6, 2019

မြန်မာနိုင်ငံ လွှတ်တော်အ¸အစည်းအဝေး (၁/၂၀၁၉) ကျင်းပ
Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဇူလိုင် ၅
မြန်မာနိုင်ငံ လွှတ်တော်အ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက် ၁၀နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အကြံပြုပေးပို့
အစည်းအဝေးတွင် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော်အစည်းအဝေးများ ရပ်နား ထားသည့်ကာလတွင် ပြည်ထောင်စု အဆင့် လွှတ်တော်များနှင့် တိုင်း ဒေသကြီးနှင့်ပြည်နယ် လွှတ်တော် များ၏ လွှတ်တော်ဆိုင်ရာနှင့် အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ခေါ်ယူကျင်းပခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ဆက်လက်ဆောင် ရွက်နိုင်ရန် အကြံပြုပေးပို့ထား ပါကြောင်း၊ ယင်းဥပဒေကြမ်း အတည် ပြုပြဋ္ဌာန်းနိုင်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုရာတွင် များစွာအထောက် အကူပြုမည် ဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေပြင်ဆင်နိုင်ရေး ကိုလည်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေများ ပြင်ဆင်မှု နှင့်ချိတ်ဆက်၍ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
လွှတ်တော်များ ခိုင်မာအားကောင်း
ဒီမိုကရေစီနိုင်ငံများ၏ အဓိက ပြယုဂ်မှာ လွှတ်တော်များဖြစ်ပြီး မိမိတို့ လွှတ်တော်များ ခိုင်မာအားကောင်း ရန် ယခုကဲ့သို့ ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ကြုံတွေ့နေရသည့် လွှတ်တော်လုပ်ငန်းဆိုင်ရာ အခြေ အနေများကို ပွင့်ပွင့်လင်းလင်းဝိုင်းဝန်း ဆွေးနွေးကြရန် ပြောကြားသည်။
ပိုမိုတိုးတက်လာမည်ဟုယုံကြည်
ထို့နောက် မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့် လွှတ်တော် အကြီးအမှူးများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးရင်းနှီးမှု ပိုမိုရှိသည့်အတွက် မိမိတို့ လွှတ်တော်အသီးသီး၏ လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်း အောင် (ခ) ဦးထွန်း ထွန်းဟိန်က အစည်းအဝေး (၆/၂၀၁၈) ဆုံးဖြတ်ချက်များ အပါအဝင် လွှတ်တော် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အမျိုးသားလွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ကလည်း ပြည်ထောင်စုအဆင့် လွှတ် တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် များတွင် ဂရုပြုဆောင်ရွက်သင့်သည် များကို အကြံပြု ဆွေးနွေးသည်။
ရှင်းလင်းတင်ပြ
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ရုံးများ ဖွဲ့စည်းမှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ် ပေးသော နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လွှတ်တော် ရေးရာ ကိစ္စရပ်များနှင့် လွှတ်တော် အလိုက် ကြုံတွေ့ရသည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအကြီးအမှူးများနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးပြီးနောက် မြန်မာ နိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌက နိဂုံး ချုပ် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ များနှင့် ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော် ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment