Friday, July 12, 2019

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မြေပုံမြို့ နယ်အတွင်းရှိ ပြန်လည် နေရာချထားရေးစခန်းတွင် နေထိုင်သူများနှင့်တွေ့ ဆုံ
No photo description available.
မြေပုံ ဇူလိုင် ၁၁
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးဖုန်း တင့်တို့နှင့် အတူ ယနေ့တွင် ရခိုင် ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ပြန်လည်နေရာချထားရေးစခန်းတွင် နေထိုင်သူများနှင့် တွေ့ဆုံသည်။
အားပေးစကားပြောကြား
ရှေးဦးစွာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေရပ်စွန့် ခွာခဲ့ရပြီး ယခုအခါ နိုင်ငံတော်က အိမ်ရာများ ပြန်လည်တည်ထောင်ပေးခဲ့ကာ အခြေချ နေထိုင် လျက်ရှိသည့် ရခိုင်တိုင်းရင်းသားများကို မြေပုံမြို့ ကံသာထွက်ဝ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌တွေ့ဆုံ၍ နေထိုင်စား သောက် မှုအခြေအနေများ၊ လိုအပ်ချက်များကို မေးမြန်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး အတွက် အားပေးစကားပြောကြားသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် မြေပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ရခိုင် အမျိုးသမီးငယ်များအဖွဲ့နှင့် တွေ့ဆုံသည်။
တွေ့ဆုံမေးမြန်း
ဆက်လက်၍ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးတို့နှင့်အတူမြေပုံမြို့ တောင် ပေါ်ရပ်ကွက်ရှိ IDP စခန်းသို့ သွားရောက်၍ နေထိုင်စားသောက်မှုအခြေအနေများ၊ ပညာသင်ကြား နေမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ များကို တွေ့ဆုံမေးမြန်းသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် အဆိုပါ IDP စခန်းရှိ အမျိုးသမီးများနှင့်မိန်းကလေးငယ်များစင်တာ၌ စခန်းရှိ အမျိုး သမီးနှင့် မိန်းကလေးငယ်များအား တွေ့ဆုံသည်။
ယင်းနောက် မြေပုံမြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပြီး စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လွှတ်တော်သို့သွား ရောက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် တွေ့ဆုံပြီး Royal Sittwe Hotel ၌ စစ်တွေမြို့ရှိ အမျိုးသမီးအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။
သတင်းစဉ်

No comments:

Post a Comment