ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင် (ရှမ်းပြည် နယ်တာဝန်ခံများ)၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အတွင်း ရှိ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ ၂၃ ပါတီမှ တာဝန်ရှိသူများ၊ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ် အင်စတီကျု (Danish Institute for Parties and Democracy-DIPD) မှ မြန်မာ နိုင်ငံဌာနေ ကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲများ ကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများ ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် တစ်ထပ် တည်းဖြစ်ရ မည်ဆိုသည့် စံငါးချက်နှင့်အညီ ကျင်းပလျက် ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင် ရွက်နေကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းရရှိရန် ပထမအဆင့် အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အမှန်တကယ် နေထိုင်လျက် ရှိသော လူဦးရေစာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူ ပြုစု လျက်ရှိပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အခြေခံ မဲဆန္ဒရှင်စာရင်းအဖြစ် ပြုစုသွား မည်ဖြစ် ကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေရေးအတွက် ပြည်သူလူထုနှင့် သက်ဆိုင်ရာလူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း။
ရှင်းလင်းပြောကြား
ယနေ့ပြုလုပ်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသည် မြန်မာနိုင်ငံ အခြေစိုက်ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု၏ ပူးပေါင်းမှု ဖြင့် ပြုလုပ်ပေးသော တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး DIPD သည် ဒိန်းမတ်နိုင်ငံ လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းအတည်ပြုကာ ဒိန်းမတ်နိုင်ငံရေးပါတီများ ပါဝင်မှု ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံရေးပါတီစကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် နိုင်ငံရေးပါတီများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး မြန်မာ့ဒီမိုက ရေစီပြုပြင်ပြောင်းလဲရေးတွင် တစ်ထောင့်တစ်နေရာမှ အကူအညီ ပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် စကားဝိုင်း ငါးဝိုင်းခွဲ၍ ဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေး ချက်များနှင့် မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေးနှင့် ဦးဆွေတင့်လွင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment