နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နဝမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ နဝမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးအမှတ် (၅၄) နေပြည်တော်၌ ကျင်းပသည်။ (ယာပုံ)
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရည်၊ ခုံရုံးအဖွဲ့ ဝင်များဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးြွကယ်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော် ဆန်းနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဧည့်ပရိသတ်များက နေပြည်တော် မြင့်ထူးသာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် အန္တရာယ် ကင်း ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းလောင်း အမျှပေး ဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်
No comments:
Post a Comment