Thursday, July 11, 2019

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စစ်တွေမြို့သို့ ရောက်ရှိ
Image may contain: one or more people, airplane and shoes
စစ်တွေ ဇူလိုင် ၁၀
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Christine Schraner Burgene ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်းခရီး ဖြင့် ရောက်ရှိကြသည်။
အထူးကိုယ်စားလှယ်နှင့်အဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ် ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများက စစ်တွေ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက်ရှိ ရခိုင်အမျိုး သားပါတီဗဟိုဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင် ကျော်ဇံတို့နှင့်အတူ နယ်မြေလုံခြုံရေးအခြေအနေ ကြောင့် နေရပ်စွန့်ခွာသူများ ခေတ္တနေထိုင်ရာ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁၃)ရှိ ဝိဘဇ္ဇဝါဒီ (ပရဟိတ) ကျောင်းတိုက်သို့ သွားရောက်၍ လတ်တလော နေထိုင် စားသောက်မှုအခြေအနေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရမှ ထောက်ပံ့နေမှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်များ၏ ထောက်ပံ့ကူညီပေး နေမှု၊ ကျောင်းသား ကျောင်းသူများ ပညာဆက်လက်သင်ကြားနေမှုများနှင့် ကျန်းမာရေးစောင့် ရှောက်မှု အခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့သည်။
သတင်း-အောင်ရဲသွင်၊ ဓာတ်ပုံ-တင်ထွန်း (ပြန်/ဆက်)

No comments:

Post a Comment