Thursday, July 11, 2019

ပြည်ထောင်စုရှေ့နေချုပ်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Image may contain: 1 person
နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စုရှေ့နေချုပ်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့် ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး ဝန်းကျင်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေး မှူးချုပ်များက ကံ့ကော်ပင်၊ အာဆီယံ သပြေပင်နှင့် ရွက်လှပင်များကို သတ် မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြ သည်။
ထို့နောက် အရာထမ်း၊ အမှုထမ်း များက သရက်၊ ပိန္နဲ၊ မာလကာ၊ ရှောက်၊ သံပရာ၊ မရန်း၊ ဂွေးချိုပင် စသည့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုး ကြရာ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဖွဲ့က လှည့်လည်ကြည့်ရှု အား ပေးကြသည်။ ယင်းနောက်ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့ သည် ရုံးရှေ့လျှိုပိတ်ဆည်အတွင်းသို့ ငါးကြင်းနှင့် ငါးခုံးမသားပေါက်ကောင် ရေ ၆၀ဝ၀ ကို ငါးမျိုးစိုက်ထည့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment